(Unicode)(Part 41)
City Family ဆေးရုံဝန်းထဲသို့ Lamborghini မိုးပြာရောင်လေးတစ်စီး ဒုန်းစိုင်းကာ မောင်းနှင်ဝင်ရောက်လာသည်။ ဆေးရုံဝန်းထဲရှိလူများက ထိုကားအား အထူးအဆန်းသဖွယ် လိုက်ကြည့်နေကြသည်။ အိမ်ပြန်ရန် ဆေးရုံထဲမှထွက်လာသော မိုးထက်က ခွန်းဆက်၏ ကားမောင်းဝင်လာပုံကိုမြင်တော့ အံ့ဩထိတ်လန့်သွားသည်။ ထို့နောက် ခွန်းဆက်ကားရပ်မည့်နေရာဆီသို့ ပြေးသွားတော့သည်။
ခွန်းဆက် ဆေးရုံကားparking တွင် ကားကိုဖြစ်သလိုရပ်လိုက်ပြီး မာန့်ကိုချီကာ ကားထဲမှ ထွက်လာစဉ် သူ့အနားရောက်လာသော မိုးထက်။ခွန်းဆက် လက်ထဲမှ ဖြူဖက်နေသော မာန့်ကိုကြည့်ကာ
"ရောင်နီ...အစ်ကို ဘာဖြစ်တာလဲ"
"မိုးထက်...မာန်လေ မာန်...သတိမရှိတော့ဘူး"
သူ့အား အားကိုးတကြီးကြည့်ကာ ပြောလာသော ခွန်းဆက်။မျက်ဝန်းတို့က နီရဲနေသလို မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်မှုတို့က အတိုင်းသား ပေါ်လွင်နေသည်။ မိုးထက်လည်း အချိန်မဆွဲတော့ပဲ ခွန်းဆက်အား ခေါ်ကာ ရှေ့မှဦးဆောင်သွားတော့သည်။ တိုက်ဆိုင်စွာပင် ဆေးရုံ reception တွင် မင်းမြတ်ရှိနေသည်။ အလောတကြီး ပြေးဝင်လာသော မိုးထက်ကိုမြင်ပြီးနောက် မင်းမြတ်စကားပြောရန် ပြင်လိုက်စဉ် မိုးထက်နောက်မှ မာန့်ကိုချီကာ ဝင်လာသော ခွန်းဆက်ကြောင့် မင်းမြတ်လည်း စိုးရိမ်လို့သွားသည်။ မိုးထက်က မင်းမြတ်အနားရောက်လာကာ
"မင်းမြတ်...အစ်ကို သတိလစ်သွားလို့...မြန်မြန်!!"
မိုးထက်စကားအဆုံး မင်းမြတ်အနားရှိ လူနာတင်လှည်းကိုယူကာ မာန့်ကို ထိုလှည်းပေါ်တင်လိုက်ပြီးနောက် နီးစပ်ရာအခန်းထဲသို့ထည့်ကာ လုပ်စရာရှိတာများကို လုပ်ဆောင်တော့သည်။
မင်းမြတ်က မာန့်အားစစ်ဆေးနေသည်ကို ခွန်းဆက် မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်။ မိုးထက် အကြောင်းစုံမေးမြန်းရန်အတွက် ခွန်းဆက်အားကြည့်လိုက်တော့ လည်ပင်းတွင်ထွက်နေသောသွေးများနှင့် လက်မှတစ်စက်စက်စီးကျနေသော သွေးတို့အား သတိထားမိသွားသည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)