🍂Part-58🍂

79 2 0
                                    

(Unicode)(Part 58)

ခွန်းဆက်၏ ချိန်းဆိုမှုကြောင့် သော်တာနဲ့ လင်းသာတို့ ဆေးရုံနဲ့ မနီးမဝေးတွင် ရှိသော စားသောက်ဆိုင်တစ်ခုတွင် အတူရှိနေကြသည်။ အစားအသောက်များ စားပွဲတွင်အပြည့်အလျှံရှိနေသော်လည်း မည်သူမျှ စားသောက်ကြခြင်းမရှိပါပဲ ၃ယောက်လုံး အတွေးကိုယ်စီဖြင့်  ငြိမ်သက်နေကြကာ သူတို့ဝိုင်း၏ လေထုမှာလည်း တိတ်ဆိတ်လို့နေသည်။ ကိုလူချောများ၏ ထုံးစံအတိုင်း အခြားဝိုင်းမှ ပျိုမဒီလေးများ၏ အကြည့်တို့ကိုလည်း ခံနေကြရသေးသည်။ သို့ပေမဲ့ ကိုလူချောများကတော့ ပတ်ဝန်းကျင်တွင် သူတို့သာ ရှိနေသည့်အတိုင်း အရာအားလုံးကို လျစ်လျူရှုထားကြသည်။

အချိန်တန်ကြာအောင် မည်သူမျှ စကားမစကြသေးသည်ကြောင့်  လင်းသာ အတွေးတို့ဖြင့် ငြိမ်သက်နေသော ခွန်းဆက်ကိုကြည့်ကာ တိတ်ဆိတ်နေသော ရပ်ဝန်းကို အသက်သွင်းလိုက်သည်။

"ညီ ကိုယ်တို့ကို ခေါ်တာက ပြောစရာရှိလို့လား..."

သူ့စကားကြောင့် ခွန်းဆက်က တစ်စုံတစ်ခုကို စိတ်ဆုံးဖြတ်လိုက်သည့်ဟန်မျိုးဖြင့် သက်ပြင်းတစ်ချက်ချပြီးနောက် လေးနက်သော မျက်ဝန်းတို့ဖြင့် သူနဲ့သော်တာကို ကြည့်လာသည်။

"အစ်ကိုသော်တာ အစ်ကိုလင်းသာ..."

"ပြောလေ ညီ"

"ကျွန်တော် ဒိုင်ယာရီကို ဖတ်ပြီးသွားပြီ"

"အင်း...အဲ့တော့ မင်းဘယ်လိုလုပ်မှာလဲ"

သော်တာက အေးစက်သော လေသံဖြင့် မေးသည်။ ခွန်းဆက် သော်တာ့ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး

"ကိုကို...အင်း မာန့်မိဘတွေရဲ့ အမှုနဲ့ပတ်သက်ပြီး အစ်ကိုတို့ စုံစမ်းလို့ရခဲ့တာတွေ ကျွန်တော့်ကို ပြောပြနိုင်မလား..."

ခွန်းဆက်စကားကြောင့် သော်တာ ခေါင်းညိတ်ပြလာပြီး သူစုံစမ်းလို့သိရှိထားသမျှ အကြောင်းတို့ကို ပြောလာတော့သည်။

"မာန့် ပြောပြချက်အရ...အန်တီ အလင်္ကာတို့ ဆုံးတဲ့ညက ဒေါ်အိန္ဒြေ၊ ဦးဌေးသစ္စာနဲ့ မင်းရဲ့အဖေ ဦးခွန်းမြတ်မဟာတို့ ရှိခဲ့တယ်တဲ့"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now