(Unicode)(Part 69)
ညချမ်းအချိန်အခါ၏ လေပြည်အေးလေးများ ပတ်ဝန်းကျင်တစ်ခွင် ဝေ့၀ဲဖြတ်သန်းနေကြသည်။ ဘယ်ဆီကလာမှန်းမသိသော ပန်းရနံ့သင်းသင်းများကလည်း လေပြည်နဲ့အတူ ဝန်းကျင်တစ်ခွင် ပျံ့နှံ့လျက်။ ကတ္တီပါအခင်းနက်ပေါ် စိန်ပွင့်လေးများ ကြဲချထားသည့်အလား ညကောင်းကင်ပြာက ကြယ်ပွင့်လေးများ တလက်လက်နှင့် လှပလို့နေသည်။
လရောင်ဖြာကျနေသော ဆေးရုံခန်းလေးထဲတွင် ခွန်းဆက်တစ်ယောက် သော်တာပေးခဲ့သော ဘူးလေးအား ကိုင်ကာ ငြိမ်သက်နေသည်။ တစ်နေ့လုံး လူနာလာကြည့်သော ဖခင်နဲ့သူငယ်ချင်းများကြောင့် ခုည၇နာရီကျော်မှသာ အေးဆေးနားရသည်။ ဆေးရုံလာစောင့်ပေးသော ကောင်းထက်ကလည်း မိုးထက်တို့ဆီ ခဏသွားနေမည်ဟု ပြောထားသည်ကြောင့် အခန်းထဲတွင် သူတစ်ယောက်တည်းရှိနေခြင်းဖြစ်သည်။ ခွန်းဆက်ဘူးအဖုံးလေးအား ဖွင့်ကြည့်တော့ ပထမဆုံးမြင်ရသည်က လေးထောင့်ဘူးအဖြူရောင်လေး တစ်ခု။ ထိုဘူးအား ယူကာ ဖွင့်ကြည့်မိတော့ လက်စွပ်၏ထိပ်တွင် ဘေးတစ်ဖက်တစ်ချက်၌ အသည်းပုံလေးနှစ်ခုပါပြီး အလယ်တွင်တော့ အင်္ဂလိပ်စာလုံးများ ထွင်းထုထားသော ပလက်တီနမ်ရိုးရိုးရှင်းရှင်း လက်စွပ်ကွင်းလေးနှစ်ခု။ အနည်းငယ်သေးသည့် လက်စွပ်ကွင်းလေးတွင် KHOON ဟု ထွင်းထုထားပြီး သူ့ထက်နည်းနည်းကြီးသော လက်စွပ်လေးတွင်တော့ MANN ဟုထွင်းထုထားသည်။ ခွန်းဆက် ရင်ထဲက ခံစားချက်တို့လှိုက်တက်လာပါသော်လည်း ခံစားချက်မရှိသည့် ဗလာမျက်ဝန်းတွေဖြင့် ထိုလက်စွပ်လေးနှစ်ခုကို ကြည့်နေသည်။ ထိုဘူးလေးထဲတွင်ပင် တတိယပစ္စည်းတစ်ခုအား ခွန်းဆက် သတိထားမိလိုက်သည်။ သို့နှင့် ထိုစာရွက်ခေါက်လေးတစ်ခုအား ယူကာ ဖွင့်ဖတ်ကြည့်မိတော့ မထိမ်းထားနိုင်တော့ဟန် ခွန်းဆက်မျက်ရည်မိုးက ပြိုလာပြန်သည်။ စာရွက်လေးထဲတွင် ရေးထားသည်က
"မောင်နဲ့ ငါ့ရဲ့ နှစ်နှစ်ပြည့်အတွက်ပေးတဲ့ ငါ့ရဲ့လက်ဆောင်...မောင် သဘောကျမယ်လို့ မျှော်လင့်မိပါရဲ့"
ခွန်းဆက် လက်စွပ်ဘူးလေးအား ရင်ခွင်ပိုက်ကာ သည်းထန်စွာ ငိုကြွေးတော့သည်။ လက်စွပ်ဘူးလေးအား ပျောက်ကွယ်သွားမှာ စိုးသည့်အလား တင်းကျပ်စွာ ဖက်တွယ်ထားရင်း
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)