(Unicode)(Part 56)
ညနေခင်း လေတစ်ဖြူးဖြူးတိုက်ခက်နေသော ကမ်းနားလမ်းတွင် ကောင်လေး၃ယောက် ရေပြင်ကျယ်ကို မျက်နှာမူလျက် ငြိမ်သက်နေကြသည်။ သူမတူအောင် ချောမောလွန်းသော ရုပ်ရည်များကြောင့် ဖြတ်သွားဖြတ်လာ ပျိုမဒီလေးများ၏ အကြည့်များကလည်း ထိုကောင်လေး၃ယောက်ထံ ရောက်ရှိလာကြသည်။ သို့ပေမဲ့ ထိုကောင်လေးများမှာတော့ ဘာကိုမှ ဂရုမပြုပဲ ရေပြင်ကျယ်ကိုသာ အတွေးကိုယ်စီနဲ့ ငေးမောနေကြသည်သာ။
မျိုးမာန်၊ ဟိန်း နဲ့ မဟာတို့ ကြားလေထုက အနည်းငယ်ခက်ထန်နေကာ စိတ်ဆိုးခြင်းဒေါသတို့က လွှမ်းမိုးလို့နေသည်။ မျိုးမာန်၏ ဒေါသကို အတင်းကာရောထိန်းချုပ်နေရသော ဟန်ပန်၊ မဟာ၏ အပြစ်ရှိစိတ်တို့ကို ခံစားနေရသော မျက်နှာအမူအရာ၊ ထိုနှစ်ယောက်နဲ့မတူညီစွာ ဖြစ်ပျက်နေသော အခြေအနေအား မည်သို့ခေါင်းစဉ်တပ်ရမှန်းမသိသည့်ပုံစံနှင့် တွေဝေနေသော ဟိန်း။ ခံစားချက်ကိုယ်စီ အတွေးကိုယ်စီနဲ့ စကားသံတို့က တိတ်ဆိတ်နေပြီး လေထုကလည်း ရေခဲတစ်မျှ အေးစက်နေသည်။ ထိုအခြေအနေကို ပထမဆုံး ဖြိုခွင်းလိုက်သူက မျိုးမာန်ပင်။
မျိုးမာန်က မဟာ့အား ဒေါသပါသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီး
"မဟာ မင်းအရင်က ငါ့ကိုပြောခဲ့တာ မှတ်မိလား...အလင်္ကာကို မျက်ရည်ကျအောင် လုပ်ရင် မင်းငါ့ကို သတ်မယ်ဆိုပြီးတော့လေ"
စကားသံက ထိုမျှနဲ့သာ ရပ်တန့်သွားသည်။ မဟာကတော့ မျိုးမာန်အား မော့မကြည့်ပဲ ခေါင်းငုံ့၍သာ ရပ်နေသည်။ အခုချိန်တွင် မျိုးမာန်အား ခွန်းတုံ့ပြန်ဖို့်ရန် သူ့တွင်စကားလုံးတို့ရှိမနေပေ။ အကယ်၍ သူ့တွင် ပြောစရာစကားများ ရှိနေလျှင်တောင် ပြန်ပြောဖို့ရန် အင်အားမရှိ။ ဘယ်တော့မှပြန်ပြင်လို့ မရတော့သည့်အပြစ်ကို လုပ်ထားသူဟာ သူပဲမို့ မျိုးမာန် ဘာပြောပြော သူခံရမည်သာ ဖြစ်သည်။ ထိုထက်ပိုပြီး မျိုးမာန်က သူ့အားထိုးနှက်လာခဲ့လျှင်တောင် သူငြိမ်ခံနေရမည်သာဖြစ်သည်။
မျိုးမာန် သူ့ရှေ့တွင် ခေါင်းငိုက်စိုက်ချထားသူကိုကြည့်ပြီး ဒေါသဖြစ်မိသည့်ထက် အလိုမကျသည့်စိတ်တို့က ပို၍များသည်။ သူသိခဲ့သည့် မဟာက အခုလိုမျိုး တစ်ခြားတစ်ယောက်ရှေ့ ခေါင်းငုံ့နေရမည့်သူမဟုတ်ပေ။ မျိုးမာန် လက်သီးတို့ကို တင်းတင်းဆုပ်လိုက်ပြီး
![](https://img.wattpad.com/cover/355326751-288-k26229.jpg)
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)