(Unicode)(Part 23)
"မင်းက အရင်ဝင်တိုက်ပြီး လာပြန်အော်နေသေးတာလား သေးသေးလေးရဲ့"
"ဘာ မင်း!! "
အမှန်ပင် သော်တာက အရင်ဝင်တိုက်ခြင်း ဖြစ်ပါသော်လည်း မသိချင်ယောင်ဆောင်ကာ ထိုလူအားပြန်ရန်တွေ့ခြင်းဖြစ်သည်။ ထိုလူ၏ သေးသေးလေးဆိုသော စကားကြောင့် စိတ်တို့က ပို၍ တိုလာရသည်။
"ငါ ဝင်တိုက်တယ်ဆိုလည်း မင်းရှောင်လေ... မင်းမျက်လုံးမပါဘူးလား"
သော်တာ ပြောသာပြောနေရသော်လည်း ခပ်လန့်လန့်ပင်။ သူ့ရှေ့မှ ထိုလူသည် သူ့ထက်အရပ်ပိုမြင့်ပြီး ကိုယ်လုံးကိုယ်ထည်လည်း ပိုထွားသည်။ ထိုလူသာ သူ့အား ထိုးနှက်လာခဲ့ပါလျှင် ဒီနေရာ၌ပင် သူမာလကီးယားသွားနိုင်သည်။ သို့သော် လန့်နေသည့်စိတ်ကို ဟန်ကိုယ့်ဖို့ကာ မာန်တင်လျက် ရန်တွေ့နေခြင်းဖြစ်သည်။
"ဟေ့ မင်းမြတ် ဘာဖြစ်နေတာလဲ"
ထိုလူ၏ သူငယ်ချင်းဖြစ်ဟန်တူသော နှစ်ယောက်က ဆိုင်ထဲမှထွက်လာကာ သော်တာ့ကိုကြည့်ရင်း မေးလာသည်။ သော်တာရှေ့မှ လူသုံးယောက်ကို ကြည့်ကာ တံတွေးမျိုချမိသည်။ ထို၃ယောက် အနက် နှစ်ယောက်မှာ အရပ်မြင့်ပြီး ကိုယ်ထည်ထွားကာ ကျန်တစ်ယောက်မှာ နည်းနည်းညှက်သည်။ သို့သော် သော်တာနဲ့ယှဉ်လျှင်တော့ သော်တာက ပိုသေးသွားသည်သာ။ သော်တာထိုလူများအားကြည့်ရင်း
အိစ်... ၃ ယောက်ပေါင်းပြီး ငါ့ကိုဝိုင်းထိုးကြရင်တော့ ငါသေပြီ... မာန်နဲ့လင်းသာရေ နှုတ်ဆက်ခဲ့ပါတယ်... နောက်ဘဝကြမှ ပြန်တွေ့ကြတာပေါ့.....
သတင်းထောက်တစ်ယောက်ပီပီ အုပ်စုဖွဲ့အနိုင်ကျင့်မှုများကို ခဏခဏကြားနေရသည်ကြောင့် သော်တာ အတွေးလွန်နေသည်။
"ဒီမှာ ဒီသေးသေးလေးလေ... ငါ့ကိုဝင်တိုက်ပြီး ပြန်ရန်တွေ့နေတယ်"
သော်တာ သူ့အတွေးနဲ့သူ လန့်နေတုန်း ရှေ့မှလူ၏ သေးသေးလေးဆိုသော စကားကြောင့် စိတ်ကထောင်းခနဲ။
"ဘာ! ငါ့ကိုများသေးသေးလေးတဲ့... ငါကသေးတာမဟုတ်ဘူး... မင်းကကြီးနေတာ"
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)