🍂Part-35🍂

83 3 0
                                    

(Unicode)(Part 35)

"ငါတို့ကို အသည်းအသန်ခေါ်ရတဲ့ အကြောင်းလေးပြောပါအုံး"

အိမ်ရှေ့ဧည့်ခန်းက ပစ္စည်းပုံများကြားတွင် အလုပ်ရှုပ်နေသော ခွန်းဆက်အား မိုးထက်က ဝင်ဝင်လာခြင်းပင် မေးလိုက်သည်။ Duty ပြီးချိန်တိုင်း သကောင့်သားလေးကြောင့် ဘယ်တော့မှအေးဆေးနားရသည် မရှိ။ အရှုပ်တွေလုပ်ကာ အလုပ်တွေရှုပ်နေသော ခွန်းဆက်။ သူ့အဖေ၏ ကုမ္ပဏ်ီတွင်ဝင်လုပ်နေရ၍ ငြိမ်သွားမလားမှတ်တယ် အရင်ကထက်ပင် ပို၍အရှုပ်တွေလုပ်လာသည်။

ယခုလည်း ဘာလုပ်အုံးမလဲမသိ။ ခွဲခန်းထဲက ထွက်ထွက်ချင်း မင်းမြတ်၏ ခွန်းဆက်ကအသည်းအသန်ခေါ်တယ် ဟူသောစကားကြောင့် တစ်ခြားတာဝန်ကျဆရာဝန်များနှင့် duty လဲကာ ရောက်လာရသော်လည်း အိမ်ထဲဝင်လာကတည်းက တစ်ချက်မှမော့မကြည့်ပဲ သူ့အလုပ်သာ သူလုပ်နေသည်။ မိုးထက်တို့လည်း ခွန်းဆက်လုပ်နေသည်ကိုကြည့်ပြီး ဆိုဖာတွင်ဝင်ထိုင်လိုက်ကြသည်။ မီးဖိုခန်းထဲက ထွက်လာပြီး ခွန်းဆက်အနား သစ်သီးပန်းကန်လာချပေးသော အန်တီမိုးက မိုးထက်တို့အားကြည့်ကာ

"သားတို့ရောက်နေတာလား... ကားသံကြားတော့ မာန်လေး ပြန်လာတယ်ထင်လို့... ခဏနော် အန်တီ အအေးဖျော်လာပေးမယ်"

"ရတယ် အန်တီမိုး သားတို့ အခုပဲ ပြန်တော့မှာ"

မင်းမြတ်က လက်ကာပြကာ ငြင်းတော့ ခွန်းဆက်က ခေါင်းမော့လာပြီး

"ဘာကို အခုပဲပြန်မှာလဲ... မပြန်ရဘူး... အန်တီမိုး သူတိူ့အတွက် အအေးယူခဲ့ပေးနော်"

"အေး အေး သားငယ်"

အန်တီမိုး အနောက်ဘက်သို့ ပြန်ဝင်ကာမှ

"ငါတို့က အခုမပြန်လို့ ဘာလုပ်ရမှာလဲ... ပြီးတော့ ဘာလို့ခေါ်တာလဲ"

မိုးထက်က ခပ်စွာစွာပြောတော့ ခွန်းဆက်လည်း လုပ်လက်စများကိုရပ်ကာ ပန်းသီးတစ်စိတ်ကို လှမ်းယူလိုက်ပြီး

"ဒီနေ့က မာန်မွေးနေ့"

"အစ်ကို့မွေးနေ့"×3

၃ယောက်သား တစ်ပြိုင်တည်းပြောမိလိုက်သည်။ ခွန်းဆက်လည်း ခေါင်းညိတ်ပြကာ

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now