(Unicode)(Part 40)
သော်တာ ကော်ဖီခွက်ကိုမွှေနေရင်း အတွေးထဲလွင့်မျောနေသူတစ်ယောက်လို ငြိမ်သက်နေသော မာန့်ကို စိုက်ကြည့်နေသည်။ သူတို့သူငယ်ချင်းများ မကြာခဏ ဆုံနေကြ ကော်ဖီဆိုင်တွင် မာန်နဲ့သော်တာ ရှိနေကြခြင်းဖြစ်သည်။ လင်းသာက ကြယ်စင်နဲ့အတူသွားစရာ ရှိသည်ဆိုသည်ကြောင့် သူတို့နှစ်ယောက်ထဲသာ ရှိနေရခြင်းဖြစ်သည်။ မာန်ကလည်း ကော်ဖီခွက်ကိုသာ ကြည့်နေသလို သော်တာကလည်း မာန့်ကိုသာကြည့်နေရင်း နှစ်ယောက်သား အချိန်အတော်ကြာသည်အထိ စကားမပြောကြပဲ တိတ်ဆိတ်စွာရှိနေသည်။ မိနစ်အတော်ကြာ သော်တာ မာန့်ကို ကြည့်နေခဲ့ပြီးသည့်နောက်
"မာန်"
"အင်း"
မာန်က သူ့အားကြည့်မလာပဲ ခေါင်းညိတ်ကာ ထူးလာသည်။ သော်တာ သူပြောမည့်စကားတို့ ပြောမထွက်ပဲရှိနေသည်။ ခွန်းဆက်နဲ့ အတူရှိနေလျှင် ပျော်ရွှင်နေတတ်သော မာန့်ပုံရိပ်တွေကို မြင်ယောင်ကြည့်တိုင်း ထိုစကားတို့က ခဲဆွဲထားသလို လည်ချောင်းဝ၌ တစ်ဆို့နေခဲ့သည်။ သို့ပေမဲ့ မပြောလျှင်လည်း မပြီးသည်မို့။
"မင်း ရှေ့ဆက်ဖို့ စိတ်ရှိသေးရဲ့လား"
ထိုစကားကိုကြားတော့ မာန်က အံ့ဩသွားဟန် မျက်ဝန်းပြာလေးတို့က ဝိုင်းစက်သွားကာ သော်တာ့ကို ကြည့်လာသည်။
"ဘာလို့လဲ"
"မင်း ခွန်းဆက်ရောင်နီကို ချစ်နေပြီမဟုတ်လား မာန်"
သော်တာ့စကားကြောင့် မာန့်မျက်ဝန်းပြာလေးတို့က သိသိသာသာကို အရောင်ထိုင်းမှိုင်းသွားတော့သည်။ သော်တာပြောသော စကားကို အငြင်းစကားမဆိုပဲ ကော်ဖီခွက်ကို ပြန်ကြည့်ရင်း သက်ပြင်းကိုရှိုက်ချမိသည်။
မာန် သူ့စိတ်ကို သူနားလည်ထားပြီးသား ဖြစ်နေခဲ့သည်။ ခွန်းဆက်ရောင်နီအား သူချစ်နေခဲ့သည်ဆိုတာကို အစောကြီးကတည်းက သိရှိထားပြီးသား ဖြစ်သည်။ ထိုအတွက်ကြောင့်လည်း အိပ်မပျော်သည့် ညရက်တွေက မာန့်ဆီသို့ အလုံးလိုက်အရင်းလိုက် ရောက်ရှိနေခဲ့သည်မှာလည်း ကြာလှပြီ။ မိခင်၊ဖခင်နဲ့ ချစ်ရတဲ့ အန်တီတို့အား နာကျင်စွာသေဆုံးစေခဲ့သူ၏ သားကိုမှ ရူးရူးမူးမူးချစ်နေမိခြင်းအပေါ် ကိုယ့်ကိုကိုယ်လည်း မုန်းတီးမိသည်။
![](https://img.wattpad.com/cover/355326751-288-k26229.jpg)
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)