(Unicode)(Part 47)
"ဒီကလေးတွေ ကျောင်းမတက်ပဲ ဒီမှာလာထိုင်နေတာပေါ့လေ...တွေ့မယ် ငါနဲ့"
"မေမေ! "
"အေး! ငါညည်းအမေ... လာစမ်း! ဒီကို"
"ဟင့်အင်း မလာဘူး"
အလင်္ကာ သူ့မိခင်အား ခေါင်းခါပြကာ ပြောလိုက်သည်။ မဟာက အလင်္ကာ့ လက်ကောက်ဝတ်တစ်ဖက်ကို လှမ်းဆွဲလိုက်ပြီး
"ပြေးကြဟေ့...နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပဲ"
မဟာ၏ ဆော်ဪသံအဆုံး ထွက်ပြေးသွားကြသည်မှာ အစအနတောင် မတွေ့ရတော့ချေ။
"ဟေ့ကလေးတွေ အခုရပ်စမ်း! "
အလင်္ကာ၏ မိခင်တစ်ယောက်သာ အော်ရင်း ကျန်ခဲ့တော့သည်။ ရပ်ကွက်အတွင်း ဝရုန်းသုန်းကား ပြေးလွှားနေကြသော အုပ်စုကိုကြည့်ကာ လူကြီးများက ခေါင်းတခါခါဖြင့်။ထိုမြင်ကွင်းက သူတို့အတွက် မထူးဆန်းတော့ပေ။ အမြဲတစ်ခုမဟုတ်တစ်ခုကြောင့် ထိုအုပ်စု ရပ်ကွက်အတွင်း ပတ်ပြေးနေကြသည်မှာ ခဏခဏ။
"ဟေ့ကလေးတွေ ကျောင်းမတက်ဘူးလား...ဘာလို့ပြေးနေကြတာလဲ...နေပူကြီးထဲ"
အိမ်တစ်အိမ်မှလှမ်းမေးလိုက်သောအသံ။ သူတို့အားလှမ်းမေးလိုက်သော အသံကြောင့် ခြောက်ယောက်လုံး ထိုအိမ်ဘက်ကိုကြည့်ကာ သံပြိုင်ဖြေလိုက်ကြသည်။
"မကောင်းဆိုးဝါး လိုက်လာလို့ပါ အန်တီမြင့်ရေ" x 6
"ဟောတော့ ဘယ်က မကောင်းဆိုးဝါးတုန်း"
သူမအမေးစကားကို ပြန်ဖြေကြားမည့်သူမရှိတော့။ ထိုကလေးများက ပြေးသွားသည်မှာ အရိပ်သေးသေးလေးတွေအဖြစ်သာမြင်ရတော့သည်။
နေပူကြီးထဲ အပူတွေရှပ်တော့မှာပဲ ဒီကလေးတွေနှယ်.....
အန်တီမြင့်ဆိုသူက သူ့အနားတွင်ထိုင်နေသော အစ်မဖြစ်သူ မအေးကိုကြည့်ကာ မေးလိုက်သည်။
"ဒီကလေးတွေ ဘာတွေမွှေခဲ့ပြန်ပြီလဲမသိဘူး မမရေ"
မအေးကလည်း ပါးစပ်အပြည့်ထည့်ထားသောကွမ်းကို ပါးစောင်တစ်ဖက်တွင် ငုံထားလိုက်ပြီး သူ့ညီမဘက်ကိုကြည့်ကာ
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)