🥀 Diary Of Mann 🥀

148 1 0
                                    

(Unicode)Mann' diary

မေမေနဲ့ ဖေဖေ သားအလင်းဆည်းဆာပါ။ သားလေ မေမေနဲ့ ဖေဖေကို အရမ်းသတိရတယ်။ ဒီနေ့ မေမေ့စာအုပ်လေးကို သားဖတ်ပြီးသွားပြီ။ သားအဲ့လူတွေကို အရမ်းမုန်းတယ်။ သားကြီးလာရင် မေမေ၊ ဖေဖေ၊ တီသွန်းတို့အတွက် တရားမျှတမှုကို သားပြန်ရှာပေးမယ်။ အဲ့ဒီလူတွေကိုလည်း သူတို့လုပ်ခဲ့တဲ့အပြစ်တွေအတွက် ထိုက်တန်တဲ့အပြစ်ဒဏ်ကို သားကိုယ်တိုင်ချမှတ်မယ်။ အဲ့အတွက် သားကို ခွန်အားတွေပေးပါ။ မေမေတို့အတွက် တရားမျှတမှုကို ပြန်ရှာပေးပြီး မေမေတို့ ဂုဏ်ယူရတဲ့ သားတစ်ယောက် ဖြစ်စေရပါမယ်။ သားကို စိတ်ချပါ။ မေမေ၊ ဖေဖေနဲ့ တီသွန်းတို့ ကောင်းရာသုဂတိလားပါစေလို့ သားဆန္ဒပြုပါတယ်။

**********

မေမေ ဒီနေ့လေ ဆရာမကြီးက သားတို့ကို ကစားကွင်းလိုက်ပို့တယ်။ အဲ့မှာလေ ကလေးလေးတစ်ယောက်က မကစားပဲနဲ့ တစ်ခြားသူတွေကစားနေတာကို ထိုင်ကြည့်နေတာ။ အဲ့ကလေးလေးက မျက်ဝန်းနက်နက်လေးတွေနဲ့ ချစ်စရာလေး။ သားလည်း သူ့လက်ကိုဆွဲပြီး သားနဲ့အတူတူကစားဖို့ သူ့ကိုဆွဲခေါ်တာ။ အဲ့ကလေးလေးက မလိုက်ချင်လိုက်ချင်နဲ့ သားနောက်ကပါလာတာ။ ဟီးဟီး သားအရမ်းဆိုးတယ်မလား။

သားတို့ အတူတူကစားပြီးတော့ ကျောင်းက ဆုရတဲ့ မုန့်ဖိုးတွေနဲ့ သူ့ကိုရေခဲမုန့် ဝယ်ကျွေးလိုက်တယ်။ ပြီးတော့ ဆရာမကြီးက ခေါ်လို့ သားပြန်မဲ့အချိန် အဲ့ကလေးလေးက သားကို ကိုကိုလို့ခေါ်ပြီး နောက်ကပြေးလိုက်လာတယ်။ သားလည်း ခဏရပ်စောင့်နေလိုက်တော့ သူကအနားရောက်လာပြီး သားလက်ကိုဆွဲပြီး လက်ပတ်ကြိုးအနီလေး ဝတ်ပေးတယ်။ ပြီးတော့ ပြောသေးတယ်။ အဲ့လက်ပတ်လေးက သူ့အဖွားပေးထားတာ သူသဘောကျတဲ့ သူကို တွေ့ရင် ပေးလိုက်ပါတဲ့။ သားက မယူဘူးပြောတော့ သူက သားကိုလာရှာမှာမို့ စောင့်နေတဲ့။ ဒါက သားကို လာရှာမယ်ဆိုတဲ့ ကတိတစ်ခုတဲ့။ ပြီးတော့ သားကိုလည်း သဘောကျတယ်တဲ့ မေမေရယ်။ အခုမှ ကလေးပေါက်စလေးပဲရှိသေးတာကို သဘောကျတယ်တွေ ဘာတယ်တွေ လုပ်နေတယ်။ အဲ့ကလေးလေးက အရမ်းချစ်ဖို့ကောင်းတာပဲ မေမေ။ ဆိုးတာက သားသူ့နာမည် မမေးခဲ့ရဘူး။ ဘာပဲဖြစ်ဖြစ်ပါ သားသူနဲ့ နောက်တစ်ခါလောက် ထပ်တွေ့ချင်သေးတယ်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now