(Unicode)🌹Thank you all my readers🌹
Hello အချစ်ကလေးတို့🥰🥰
မိုးကို စိတ်ဆိုးနေကြတယ် မဟုတ်လား။ စိတ်ဆိုးနေကြတယ်ဆိုတာ သိပါတယ်ရှင့်။ ဒါကြောင့်လည်း စိတ်ဆိုးတာလေး အလစ်တဲလေးလျော့သွားအောင်လို့ အသနားလာခံတာပါ ဟီးဟီး^o^
အမုန်းမှသည်လေးကနေတစ်ဆင့် မိုးတို့အတူရှိနေခဲ့ကြတာ 6လကျော် 7လနီးပါးတောင် ရှိနေပြီပေါ့နော်။ နိုဝင်ဘာ ၁ရက် ၂၀၂၃ ကစခဲ့တဲ့ ခရီးရှည်ကြီးက အခု မေ ၂၇ရက် ၂၀၂၄ မှာတော့ လုံးဝကြီးကို အဆုံးသတ်သွားခဲ့ပါပြီ။ ဟိုးအစကတည်းနေ အဆုံးသတ်အထိ ongoing လိုက်ခဲ့ပေးကြတဲ့ အချစ်ကလေးတို့ တစ်ယောက်ချင်းစီတိုင်းကို မိုးကစိတ်ရင်းနဲ့ ကျေးဇူးတင်ရှိပါတယ်ရှင့်။ တကယ်တော့လေ မာန်တို့က အချစ်တို့ဆီ နိုဝင်ဘာမှ စရောက်လာခဲ့ပေမယ့် ဇွန်လထဲက မိုးနဲ့အတူရှိနေခဲ့တာပါ။ ပြောရမယ်ဆိုရင် တစ်နှစ်နီးပါးပေါ့။ ထားပါတော့လေ။အခု ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောရအောင်ပေါ့နော်။
အမုန်းမှသည်လေးရဲ့ အဆုံးသတ်ကို အချစ်တို့ သဘောမကျဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်မလဲပေါ့နော်။ အမုန်းမှသည်လေးကို စစဉ်းစားမိကတည်းက မာန်နဲ့ခွန်းဆက်ကို သေကိုသေရမယ်ဆိုပြီး ဆုံးဖြတ်ထားခဲ့တာပါ(´∀`)♡။ ကြားထဲ မူရင်း plot နဲ့လွဲသွားလို့ မာန်တို့ မသေမှာကို စိုးရိမ်နေခဲ့ပါသေးတယ်◐.̃◐။ အဲ့ဒါကြောင့် ခွန်းဆက် မာန့်အမေရဲ့ ဒိုင်ယာရီဖတ်ပြီးနောက်ပိုင်းကို မူရင်း plot ဘက်ရောက်အောင် မရရကို ဆွဲခေါ်ခဲ့တာပါ။ နောက်ဆုံးတော့ စဉ်းစားဆုံးဖြတ်ထားတဲ့အတိုင်း မာန်နဲ့ခွန်းဆက် သေသွားကြတာပေါ့ ဟားဟား ဟားဟားးးး ヽ(´∀`)ノ
စတာပါရှင်...တကယ်တော့ နောက်ဆုံးလေးပိုင်းကို ရေးရတဲ့ မိုးအတွက်လည်း တကယ်ကို မသက်သာခဲ့ပါဘူး။ အစက plot ချတုန်းက ဘာခံစားချက်မှမရှိသေးတော့ ရိုးရိုးလေးပဲ se ရေးမယ်လို့စဉ်းစားထားခဲ့တာပေမယ့် မာန်နဲ့အတူ ဖြတ်သန်းရတဲ့အချိန်တွေ ကြာလာလေလေ မာန့်အကြောင်းကို ပိုသိလာလေလေ se ရေးဖို့ကို လက်တွန့်လာခဲ့ပါတယ်။ မာန်နဲ့ခွန်းဆက်တို့နှစ်ယောက်ကြားက သံယောဇဉ်တွေကို ပိုပြီးခံစားမိလာလေလေ se ဆိုပြီး plot ချမိခဲ့တဲ့အတွက် နောင်တရလာလေပါပဲ။ ဒီကလေးတွေက အခုမှပျော်မယ်ကြံကာရှိသေး သေခိုင်းတဲ့အတွက် ရက်စက်လွန်းတယ်ဆိုတာလည်း သိပါတယ်။ အဲ့ဒါကြောင့်လည်း he အနေနဲ့ဇာတ်သိမ်းတယ်ဆိုတဲ့သဘောနဲ့ ကိုယ့်စိတ်ကိုယ်ပြန်လိမ်ညာဖို့ အပိုင်း64 မှာ main story ပြီးပါပြီ လို့ရေးခဲ့တာပါ။ တကယ့်အဆုံးက အပိုင်း 70 မှာဆိုပေမယ့်လို့ပေါ့။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)