(Unicode)(Part 60)
ခွန်းဆက်၊ သော်တာ၊ လင်းသာနဲ့ ကောင်းထက်တို့ ၄ယောက် တရားရုံးရှေ့တွင် ရှိသော အအေးဆိုင်တစ်ဆိုင်တွင် ဒုရဲအုပ်ထက်ပိုင်နဲ့ အတူရှိနေကြသည်။
"သူတို့တွေ ထောင်ဒဏ် ဘယ်နှစ်နှစ်လောက် ကျနိုင်လောက်လဲ ဆရာ"
သော်တာက မေးလိုက်ခြင်းဖြစ်သည်။ ခွန်းဆက်တို့ကလည်း သိချင်နေသော မေးခွန်းဖြစ်သည်ကြောင့် ဆိတ်ဆိတ်ငြိမ်သက်လျက် နားစွင့်နေသည်။
"သေဒဏ်မဟုတ်ရင်တော့ တစ်သက်တစ်ကျွန်းပဲ"
ဒုရဲအုက်ထက်ပိုင်က သော်တာ့အမေးကို ပြတ်သားစွာ ပြန်ဖြေသည်။ သူ့စကားကြောင့် သော်တာတို့လည်း ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုသည့်အတိုင်း ပြစ်မှုကျူးလွန်သူများက ထိုက်တန်သည့် အပြစ်ကို ခံစားရတော့မည် ဖြစ်သည်။
ဒုရဲအုပ်ထက်ပိုင်၏ အတွေးတို့သည်လည်း တရားခံများအား စစ်မေးနေသည့်အချိန်ကို ပြန်လည်ရောက်ရှိသွားကာ နှုတ်ခမ်းစွန်းတို့က ကော့တက်သွားတော့သည်။ ဌေးသစ္စာတို့အားစစ်ဆေးခဲ့ရာတွင် တစ်ယောက်ကိုတစ်ခန်းစီထားကာ တူညီသောမေးခွန်းများကို မေးခဲ့သည်။ တူညီသောမေးခွန်းများ ဖြစ်သော်လည်း ပြန်ဖြေလာသည့်အဖြေများက ကွဲပြားနေကြကာ ဖုံးသူကဖုံး ဖော်သူကဖော်ရင်းနှင့် နောက်ဆုံးတွင် အဖြစ်မှန်များက ဘူးပေါ်သလိုပေါ်လာကာ အမှုကိုဝန်ခံလိုက်သလို ဖြစ်သွားခဲ့ကြသည်ကြောင့်ပင်။
ဒုရဲအုပ်ထက်ပိုင်လည်း သူ့စိတ်ထဲ အရင်ကမတင်မကျဖြစ်ခဲ့သော အမှုအား တရားမျှတအောင် ဖော်ထုတ်နိုင်ပြီ ဖြစ်သည့်အတွက် ရဲအရာရှိတစ်ယောက် အနေနှင့် စိတ်ထဲလန်းဆန်းလို့နေသည်။သို့နှင့် အမှုကိစ္စနဲ့ပတ်သက်ပြီး အချိန်အတော်ကြာ စကားများပြောပြီးနောက် လူစုခွဲကာ တရားရုံးထဲသို့ ဝင်သွားခဲ့ကြသည်။
တရားခံများ၏ ကိုယ်တိုင်ထွက်ဆိုချက်များ၊ အမှုဖြစ်စဉ်ရှိခဲ့သည့် အဓိက မျက်မြင်သက်သေ မျိုးနိုင်၏ တိကျသော ထွက်ဆိုချက်များကြောင့် ဦးဟိန်းလင်းလျာ၊ ဦးဌေးသစ္စာနဲ့ ဒေါ်ရွှေအိန္ဒြေတို့က ထောင်ဒဏ်တစ်သတ်တစ်ကျွန်း၊ အမှုတွင် ကြံရာပါဖြစ်ကာ ဖုံးကွယ်ပေးခဲ့သော မျိုးနိုင်က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ်၂၀ ကိုယ်စီ ဒဏ်ချခံရသည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)