🍂Part-11🍂

176 5 0
                                    

(Unicode)(Part 11)

မာန် အခန်းတံခါးဖွင့်ကာ အခန်းထဲသို့ဝင်လာပြီး လက်ဆွဲအိတ်ကို ကုတင်ပေါ်တင်ကာ နားတောင်မနားတော့ပဲ ရေချိုးခန်းထဲသို့ တန်းသွားလိုက်တော့သည်။ ရေချိုးပြီးနောက် ပေါ့ပေါ့ပါးပါး T-shirt အဝါနဲ့ ဘောင်းဘီအရှည် အနက်ကို ဝတ်ကာ အခန်းထဲမှထွက်ခဲ့တော့သည်။

"အန်တီမိုးရေ...အန်တီမိုး"

"လာပြီ သားမာန်ရေ"

မီးဖိုခန်းထဲက ထွက်လာသူအား မာန် ကြည့်လိုက်ရင်း

"နေ့လယ်က ကြောင်အဝါလေး အိမ်ကိုလာသေးလားဗျ"

"လာတယ်သားလေး အန်တီတောင် ထမင်းကျွေးလိုက်သေးတယ်...ဘာလို့လဲသား"

"ဘာမှမဟုတ်ပါဘူး...အန်တီမိုး လုပ်စရာရှိတာ သွားလုပ်တော့နော်...သား ခြံထဲဆင်းလိုက်ဦးမယ်"

"အေးအေး သားလေး"

မာန်လည်း ခြံထဲဆင်းကာ ကြောင်ရှာပုံတော်ဖွင့်နေတော့သည်။ မာန် ကြောင်ရှာပုံတော် ဖွင့်နေစဉ်  ခွန်းဆက် မာန့်ဆီသို့ ရောက်ရှိလာတော့သည်။

"ဘာရှာနေတာလဲ"

"ဘာပဲရှာရှာပေါ့"

"ကျွန်တော်က ကူရှာပေးမလို့ဟာကို"

"မလိုဘူး"

မာန် ခွန်းဆက်ကို လှည့်တောင်မကြည့်ပဲ ပြောလိုက်သည်။

"ဟို အဝါကောင်ကို ရှာနေတာလား"

"မင်းနော်...ငါ့သမီးကို ဘယ်လိုခေါ်နေတာလဲ"

"အဝါကောင်မို့လို့...အဝါကောင်လို့ ခေါ်တာပေါ့"

မာန်လည်း ခွန်းဆက်ကို သေသေချာချာ စိုက်ကြည့်ပြီး အနားသို့ တစ်လှမ်းချင်းတိုးသွားသည်။ ခွန်းဆက် ဘာမှပြန်မပြောပဲ သူ့ဆီသို့ တစ်လှမ်းချင်းလှမ်းလာနေသည့် မာန်ကြောင့် အနောက်သို့ တဖြည်းဖြည်းဆုတ်သွားရင်း အနောက်ရှိ ငုဝါပင်နဲ့ သွားတိုက်တော့သည်။

"အာ့!!"

"အဟွန်း!...မင်းကို ဘယ်သူက ဘာလုပ်မှာမို့လို့ အဲ့လောက်ကြောက်နေတာလဲ"

ခွန်းဆက် နာသွားသော ခေါင်းအား ပွတ်ရင်း သူ့အား လှောင်ရယ်နေသော မာန့်အား မကြည်ကြည့် ကြည့်ပေးလိုက်သည်။

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now