(Unicode)(Part 18)
မာန် ၅နာရီထိုးနေပြီ ဖြစ်တာကြောင့် အလုပ်များကို လက်စသတ်ပြီး အိမ်ပြန်လာခဲ့တော့သည်။ ရေမိုးချိုး အဝတ်အစားများလဲကာ လိုအပ်သည်များကို ယူပြီး ဆေးရုံဆီသို့ ထွက်လာခဲ့တော့သည်။ ဆေးရုံဝန်းက ကား parking တွင် ကားကိုရပ်လိုက်ပြီး ကားပေါ်မှ ဆင်းလိုက်ချိန် သူ့အနားသို့ လျှောက်လာသော မင်းမြတ်ကို တွေ့လိုက်ရသည်။ မင်းမြတ်က မာန့်အနားရောက်တော့ မာန့်ကိုကြည့်ကာပြုံးပြလာပြီး
"အစ်ကို လာပြီလား"
"အင်း...ညီက ပြန်တော့မလို့လား"
"မဟုတ်ဘူး အစ်ကို...လူနာသွားကြည့်မလို့"
"ေဩာ်..."
"ကျွန်တော် သွားပြီနော် အစ်ကို"
ပြောပြီး မာန့်ကားဘေးက ကားပေါ်တက်ကာ မောင်းထွက်သွားတော့သည်။ မာန်လည်း ခွန်းဆက်ရှိရာ အခန်းဆီသို့လျှောက်လာခဲ့တော့သည်။ အခန်းထဲရောက်တော့ ကုတင်ပေါ်တွင် စူပုပ်နေသော မျက်နှာဖြင့် ထိုင်နေသော ခွန်းဆက်ကြောင့် မာန် ရယ်မိသွားသည်။ သူ့ရယ်သံကြောင့် ခွန်းဆက်ကလည်း မာန့်ကို မျက်လုံးလှန်ကြည့်လာကာ စူပုပ်ပုပ်နဲ့ပြောလာသည်။
"ဘာလဲ တော်တော်ရယ်စရာကောင်းနေလား"
မာန်က ရယ်သံနှောသော အသံလေးဖြင့် ခွန်းဆက်အမေးကို ပြန်ဖြေလေသည်။
"မဟုတ်ပါဘူး"
ပြောပြီး ယူလာသော ပစ္စည်းများကို စားပွဲပေါ်သွားထားနေသော မာန့်အား ခွန်းဆက်ကြည့်နေမိသည်။ အရိုးရှင်းဆုံးဝတ်ဆင်လာသော မာန်က သူ့မျက်ဝန်းထဲတွင်တော့ ထူးထူးခြားခြားကို ချောလွန်းလို့နေသည်။ မာန်သည် ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်လာခဲ့သည်။ T-shirt အစိမ်းနုလေးနှင့် style pants အစိမ်းနုလေးကို တွဲဖက် ဝတ်ထားသည်။ ယခုမှ ရေချိုးလာသောကြောင့်ထင်သည် ဖြူစင်သောမျက်နှာလေးက ရှင်းသန့်နေသည်။ ဆံပင်များကလည်း နုဖူးအုပ်လေး ဖြစ်လို့နေသည်။ မျက်နှာဝိုင်းဝိုင်းလေးနှင့် မာန့်အား နဖူးအုပ်ဆံပင်လေးများက ချစ်စဖွယ်ကောင်ငယ်လေး တစ်ယောက်အသွင် ပံ့ပိုးပေးထားသည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)