(Unicode)(Part 31)
ခွန်းဆက် မာန့်အနားသို့ တစ်လှမ်းချင်းလှမ်းကာ သွားလိုက်သည်။ ခွန်းဆက်လာနေသည်ကို သိသော်လည်း မာန်က ခွန်းဆက်အား လှည့်မကြည့်။ ခွန်းဆက် မာန့်ဘေးက နေရာအလွတ်တွင် ဝင်ထိုင်လိုက်သည်။ မာန်က ခွန်းဆက်ဘက်သို့ တစ်ချက်ငဲ့ကြည့်လာပြီး ကောင်းကင်ကြီးကို ပြန်ငေးကြည့်နေသည်။ ထိုနေရာတွင် လူနှစ်ယောက်ရှိနေသော်လည်း တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။
"မင်းလာပြီလား"
နူးညံ့ညင်သာသောအသံလေးဖြင့် မာန်က သူတို့နှစ်ယောက်ကြားရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"အင်း အခန်းထဲရောက်ခဲ့သေးတယ်...ခင်ဗျားက အပြင်ထွက်သွားတယ်ဆိုလို့ လိုက်လာတာ"
"ပြောစရာရှိလို့လား"
မာန်က အေးဆေးစွာဖြင့် စကားပြောနေသည်။ မအေးဆေးနိုင်သူကတော့ ခွန်းဆက်ပင်။ သိသိသာသာအခုန်မြန်နေသော နှလုံးခုန်သံကြောင့် မာန်ကြားသွားမည်ကိုပင် စိုးရပါသည်။
"မရှိပါဘူး"
"အင်း"
နှစ်ယောက်သား တစ်ဖန်ပြန်တိတ်ဆိတ်သွားပြန်သည်။ မာန်က ကောင်းကင်ပြင်ကိုသာ ငေးကြည့်နေသလို ခွန်းဆက်ကတော့ သူ့ဘေးရှိအဖြူရောင်အလှတရားကိုသာ ငေးမောနေသည်။
ခွန်းဆက်၏ ပုံစံက style pants အနက်ကို အင်္ကျီအဖြူအနက် အစင်းကြားလေးနှင့် တွဲဖက်ကာ ဝတ်ဆင်ထားသည်။ ဆံပင်ကို လှန်တင်ထားသည်ကြောင့် ထင်ရှားသည့်မေးရိုးနဲ့မျက်နှာလေးက ရှင်းသန့်နေသည်။ မျက်ဝန်းနက်နက် မျက်ခုံးထူထူများကလည်း စွဲဆောင်မှုအပြည့်။
ခရေပင်အောက်က ခုံတန်းတွင် ထိုင်နေသော ကောင်လေးနှစ်ယောက်ကို ကြည့်လိုက်လျှင် ချောမောမှုနဲ့ အလှတရားကို တွဲဖက်မြင်ရပေမည်။
"မင်းသိလား ခွန်းဆက်... ကြယ်တွေက ဘယ်နှစ်ခုရှိလဲ ဆိုတာ"
ခွန်းဆက် မာန့်ကို ငေးနေတုန်း မာန်က သူ့ဘက်လှည့်ကာ မေးလာသည်။ လေပြည်တစ်ချက်အဝှေ့တွင် မာန့် နဖူးပေါ်က ဆံပင်များက လေပြည်နဲ့အတူ ဝေ့ယမ်းကခုန်နေကြသည်။ ယခု မာန်၏ ပုံစံလေးက လက်ဖြင့်ဖွဖွထိကြည့်ရင်တောင် နာသွားမည်ကို စိုးရသည်အထိ နူးညံ့လို့နေသည်။ ဖြူစင်သော အပြုံးလေးနှင့် စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းပြာလေးတွေက ခွန်းဆက်၏အဖြေကို စောင့်စားနေဟန် ငေးစိုက်ကြည့်နေသည်။ တစ်ဆိတ် မာန့်ပါးပြင်နဲ့ နှာခေါင်းထိပ်လေးက ပုံမှန်ထက်များ ပိုနီနေသလားလို့။
![](https://img.wattpad.com/cover/355326751-288-k26229.jpg)
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)