(Unicode)(Part 34)
"Hello ငါမင်းတို့ကို လုပ်ခိုင်းစရာရှိတယ်"
"....."
"အခု ငါပုံပို့ပေးမယ်... ပုံထဲကလူကို တစ်ခါတည်း အပြတ်ရှင်းပေးရမယ်"
"....."
"အေး စိတ်ချရပါစေ"
Hotel တစ်ခု၏ VIP room တစ်ခုတွင် ပြတင်းပေါက်နားမှာရပ်ကာ ပြင်ပမှမြင်ကွင်းများကိုကြည့်ရင်း ဖုန်းပြောနေသော ဌေးသစ္စာ။ ခါးထိသာ တဘက်ဖြင့် ပတ်ထားသည်ကြောင့် တောင့်တင်းသည့်ရင်အုပ်ကျယ်များက မှီခိုချင်စရာ။ထိုရင်အုပ်ကျယ်ထဲသို့ ခိုဝင်ခဲ့သည့်လူတွေမှာလည်း မရေမတွက်နိုင်။
"ဦး ဘာလုပ်နေတာလဲ"
ချွဲ့ချွဲ့နွဲ့နွဲ့အသံနှင့် သူ့ခါးအား သိုင်းဖက်လာသော လက်တစ်စုံကြောင့် ဌေးသစ္စာ ဖုန်းပြောခြင်းကို အဆုံးသတ်လိုက်သည်။ ပြီးနောက် သူ့အားဖက်ထားသော လက်ပိုင်ရှင်ဘက်သို့လှည့်ကာ ခေါင်းလေးကို ပွတ်ပေးလိုက်ရင်း
"နိုးပြီလား ကလေး"
ဆွဲငင်သောအသံဖြင့် မေးလိုက်သည်မှာ ကြွေကျချင်စရာကောင်းလှသည်။
"ဟုတ် ဦး သားဗိုက်ဆာတယ်"
"အင်း ကိုယ်ဖုန်းဆက်ပြီး မှာပေးမယ်"
"ဟုတ်"
ဌေးသစ္စာ သူ့ရှေ့မှာ ချစ်စဖွယ်ကောင်ငယ်လေးအားကြည့်နေသည်။ မျက်နှာဝိုင်းဝိုင်းလေးနှင့် မျက်ကပ်မှန်တပ်ထားသည်ကြောင့် ပြာလဲ့နေသော မျက်လုံးလေးနှင့် ထိုကောင်လေးက တကယ်ကိုချစ်စဖွယ်အတိ။ သို့သော် တစ်စုံတစ်ယောက်၏ လှပမှုကိုတော့ မယှဉ်နိုင်ပေ။ ထိုကောင်လေးအားကြည့်ရင်း ဌေးသစ္စာ ပြုံးလိုက်သည်။ ထိုအပြုံးသည် အောင်နိုင်သူ တစ်ယောက်ပမာ။
**********
မာန် တစ်ယောက် အလုပ်စားပွဲတွင် ခေါင်းစိုက်နေတုန်း တံခါးဖွင့်သံကြားသည်ကြောင့် မော့ကြည့်လိုက်သည်။
"Happy Birthday မာန်"
ချော့ကလက် ကိတ်မုန့်လေးကို ကိုင်ထားသော ကြယ်စင်၊ သူ့နောက်တွင် လင်းသာနဲ့ သော်တာတို့ကို တွေ့လိုက်ရသည်။ မာန်လည်း သူငယ်ချင်းများကြောင့် ပင်ပန်းနေသည်များ ပျောက်သွားကာ မျက်နှာထက် အပြုံးတို့ဖြစ်တည်လာရသည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)