(Unicode)(Part 25)
ခွန်းဆက် သူ့ရှေ့မှလှချင်တိုင်း လှနေပါသော အနီရောင်ပုံရိပ်လေးအား မှင်သက်စွာငေးမောမိသည်။ အနီရောင် ရင်ဖုံးလက်ရှည်နှင့် ချိတ်ထမိန် အနီကို တွဲဖက်ဝတ်ဆင်ထားသော မာန်သည် မိန်းမပျိုလေးများ ငိုချင်းချသွားနိုင်အောင်ထိ လှရက်လွန်းနေသည်။ ဖြူဖွေးသော အသားအရေလေးက ဝတ်ထားသော အနီရောင်လေးနှင့် လိုက်ဖက်နေကာ ချိတ်ထမိန်လေးကလည်း သေးသွယ်သော ခါးလေးကို ပေါ်လွင်နေစေသည်။
ခါးထိဝဲကျနေသော ရွှေအိုရောင် ဆံပင်လေးနှင့် မာန့် မျက်နှာဝိုင်းဝိုင်းလေးက ပို၍လှနေသယောင်။ ပါးမို့မို့လေးနှစ်ဖက်ကို ပါးနီတင်ကာ နီရဲရဲနှုတ်ခမ်းဖူးဖူးလေးပေါ် ဆိုးဆေးကူထားသည်မှာ သက်ရှိနတ်ဘုရားမအလား။ မိုးပြာရောင်မျက်ဝန်းအိမ်လေး ပတ်ပတ်လည် အနက်ရောင် ချယ်ထားကာ မျက်တောင်တုလေးများ ကာရံထားသည်မှာ ညို့အားပြင်းသော မြွေတစ်ကောင်က သူ၏ သားကောင်အား ညို့ယူလိုက်သလို ယစ်မူးသွားစေနိုင်သည်။
နားတစ်ဖက်တွင်လည်း နှင်းဆီလေးတစ်ပွင့် ပန်ဆင်ထားသည်မို့ မာန်သည် လှချင်တိုင်းလှနေပါသည်။ ခွန်းဆက်ငေးမောနေမိတုန်းမှာပင် မာန်က သူ့အားကျောပေးကာ အပေါ်သို့ပြေးတက်သွားတော့သည်။
"မာန်!! "
လှမ်းခေါ်သော်လည်း မာန်က ခွန်းဆက်အားလှည့်မကြည့်။
"အယ်... ရှက်သွားပြီ ဟီးဟီး"
ကြယ်စင်အသံကြားမှ ထို၃ယောက်ရှိသည်ကို ခွန်းဆက် သတိပြုမိသည်။
"အစ်ကိုတို့က မာန့်သူငယ်ချင်းတွေမလား"
"အင်း... ညီ သိတယ်ပေါ့"
သော်တာကမေးတော့ ခွန်းဆက်က ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့ မင်္ဂလာပွဲမှာတွေ့ဖူးတယ်လေ"
"မမှတ်မိဘူးထင်နေတာ မှတ်မိသားပဲ... ကဲဒါဖြင့် အစ်ကိုတို့သွားတော့မယ်... အပေါ်က တစ်ယောက်တော့ ပြန်ဆင်းလာမယ် မထင်တော့ဘူး"
"ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါဗျ"
သူရှေ့မှထွက်သွားသော ၃ ယောက်ကို ခွန်းဆက်ကြည့်ကာ
![](https://img.wattpad.com/cover/355326751-288-k26229.jpg)
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)