(Unicode)(Part 53)
တစ်နှစ်ခန့်ကြာသော်။
"အလင်္ကာရေ နင့်ကိုငါ ငြိမ်ငြိမ်လေး ထိုင်နေလို့ ပြောနေတယ်လေ"
"ဒီဟာလေးလောက်နဲ့တော့ ငါဘာမှမဖြစ်ပါဘူး"
"မရဘူး... နင်ဘာမှမလုပ်နဲ့...ဒီတိုင်း ငြိမ်ငြိမ်လေးနေ...အဲ့ဒါမှ ငါ့တူလေး သက်သောင့်သက်သာရှိမှာ"
အလင်္ကာ ရွှေစင့်အား ပိုရန်ကော ဆိုသည့်သဘောဖြင့် မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ အလင်္ကာတစ်ယောက် ကိုယ်ဝန် ၈လကျော် ၉လထဲဝင်နေပြီဖြစ်တာကြောင့် ရွှေစင်က အစစအရာရာ လိုက်ဂရုစိုက်ပေးနေရခြင်းဖြစ်သည်။ မွေးကာနီး ဖွားကာနီးမို့ မျက်စိဒေါက်ထောက်လိုက်ကြည့်နေရသေးသည်။ အခုလည်း အေးဆေးထိုင်နေခိုင်းတာကို မထိုင်နေပဲ မီးဖိုခန်းထဲဝင်လာကာ ကူလုပ်ပေးဖို့ ပြင်နေသော အလင်္ကာကြောင့် ရွှေစင်တားနေရခြင်းဖြစ်သည်။
"နင်ငါ့ကို ကူညီချင်ရင် ငြိမ်ငြိမ်လေးသာ ထိုင်နေ...အဲ့တာ ငါ့ကိုကူတာပဲ"
ဟင်းချက်နေရင်း ရွှေစင်က လှမ်းပြောသည်။ အလင်္ကာ စားပွဲဝိုင်းက ခုံတစ်ခုံတွင် ထိုင်နေရင်း သူမ၏ ဆူထွက်နေသော ဗိုက်ကလေးအား ပွတ်ကာ
"ရွှေစင် ကလေးက ငါနဲ့တူမယ်ထင်လား... အစ်ကိုနဲ့တူမယ် ထင်လား"
အလင်္ကာ့အမေးစကားကြောင့် ရွှေစင်လည်း လုပ်လက်စများကို ရပ်ပြီး အလင်္ကာ့အနားလျှောက်လာသည်။ ထို့နောက် အလင်္ကာ၏ ဗိုက်ကလေးအား ပြုံးကာကြည့်နေရင်း
"သားလေးဆိုတော့ မျိုးမာန်နဲ့ တူမယ်ထင်တယ်...ဒါမှမဟုတ် နင်နဲ့တူပြီ မိန်းမချောလေး ထွက်လာရင်လည်း ကောင်းတာပဲ...ကလေးက နင်နဲ့သာ တူရင် တော်တော်လေးလှမှာ...အင်း မျိုးမာန်နဲ့တူရင်လည်း ချောမှာဆိုပေမဲ့ ငါကတော့ နင်နဲ့ပဲ တူစေချင်တယ်...ဒါမှ လှတပတလေး ထွက်လာမှာ...ငါ့တူလေးက တစ်လောကလုံး ငေးကြည့်ရတဲ့ အလှကလေးဖြစ်လာမှာ"
"နင်ပဲ အပြောကောင်း"
အလင်္ကာ မျက်စောင်းကလေးရွယ်ရင်း ပြောလိုက်သည်။ ရွှေစင်ကလည်း သဘောကျစွာရယ်ရင်း အလင်္ကာ့ ဗိုက်ကလေးအား ပွတ်သပ်နေသည်။ အာထရာဆောင်း ရိုက်ပြီးပြီဖြစ်၍ ကလေးက ယောက်ကျားလေးဖြစ်သည်ကို အားလုံးသိရှိထားပြီဖြစ်သည်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)