(Unicode)(Part 29)
"မာန် သော်တာ့ကို ဖုန်းဆက်လို့မရဘူး"
အလုပ်စားပွဲတွင် စာရင်းများဖြင့် အလုပ်ရှုပ်နေသောမာန်က အခန်းထဲဝင်ကာပြောလာသော လင်းသာ စကားကြောင့် ခေါင်းထောင်လာသည်။
"ဟင် ဘာလို့လဲ"
"မသိဘူး...သူ ငါ့ဆီ missed call ပေးထားတာအများကြီးပဲ...အခုပြန်ခေါ်တာ ခေါ်လို့မရဘူး... ငါလည်း အလုပ်လုပ်နေတုန်းမို့ ဖုန်းကို သတိမထားမိလိုက်တာ"
"ခဏ ငါ့ဖုန်းနဲ့ ခေါ်ကြည့်မယ်"
မာန် ဖုန်းကိုယူကြည့်တော့ သူ့ဖုန်းလည်း ထိုနည်းလည်းကောင်း ကြိမ်ဖန်များစွာ ခေါ်ထားသော missed call များ။ အခုလေးတင်မှ အစည်းအဝေးပွဲမှ ပြန်ရောက်လာသည်ကြောင့် ဖုန်းအား silent လုပ်ထားသည်ကို ပြန်မဖွင့်ရသေးသောကြောင့် သော်တာဖုန်းခေါ်လာခြင်းကို မာန်မသိလိုက်ခြင်းဖြစ်သည်။ မာန် သော်တာ့ဆီ ဖုန်းပြန်ခေါ်လိုက်သော်လည်း စက်ပိတ်ထားသည်နှင့်ပင် တိုးနေသည်။
"ခေါ်လို့မရဘူး... စက်ပိတ်ထားတယ်ပဲပြောနေတယ်...ကျစ်! သော်တာ သော်တာ...မင်းဘာမှ ဖြစ်လို့မရဘူးနော်"
မာန်စိုးရိမ်မှုများစွာဖြင့် ရေရွတ်နေသည်။မာန့်မိဘတွေ၏ အမှုကို တရားရုံးတွင် ပြန်လျှောက်ယူနေပြီဖြစ်ရာ အခုလိုချိန်တွင် သော်တာ့အတွက် အသက်အန္တရာစိုးရိမ်ရသည်။ ထို့ပြင် သော်တာ တစ်ယောက်တည်း မျိုးနိုင်၏အိမ်ထဲသို့ ဝင်သွားမှာကို မာန် အလွန်စိုးရိမ်မိသည်။ သူတို့အား သော်တာ ကတိပေးထားသော်လည်း သော်တာ့အကြောင်း သိနေသောကြောင့် မာန်ပို၍စိတ်ပူရသည်။ လင်းသာမျက်နှာထက်တွင်လည်း စိုးရိမ်ရိပ်များက အထင်းသား။ ထိုစဉ် မာန့်ဖုန်းက အသံပေးလာသည်။ ဆက်လာသူကတော့ မင်းမြတ်။
"Hello ညီ"
"အစ်ကို...အစ်ကို သူငယ်ချင်း ကျွန်တော်တို့ ဆေးရုံမှာ...အဲ့ဒါ အစ်ကို သိရအောင် ကျွန်တော်ပြောတာ... သူနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှ ကျွန်တော် မသိတော့"
"အင်း ညီ...အခုလို အကြောင်းကြားပေးတာ ကျေးဇူးပဲ...အစ်ကို အခုလာခဲ့မယ်"
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)