🍂Part_62🍂

136 3 0
                                    

(Unicode)(Part 62)

သော်တာတစ်ယောက် တကယ်ကိုပင် စိတ်ကအတော် နောက်ကျိနေပြီ ဖြစ်သည်။ မာန့် အမှုကိစ္စများအားလုံးရှင်းလင်းသွားပြီးဖြစ်သည်ကြောင့် စိတ်လွတ်ကိုယ်လွတ် အေးဆေးနေချင်ပါသော်လည်း သူ့နောက် တကောက်ကောက်လိုက်နေသော မင်းမြတ်ကြောင့် စိတ်တို့က မအေးနိုင်ပဲ ဒေါသထွက်နေရသည်။ ပိတ်ရက်ဖြစ်နေသည်ကြောင့် တိရစ္ဆာန်ဥယျာဉ်သို့ တစ်ယောက်တည်းလာခဲ့ခြင်းဖြစ်သည်။ ကြယ်စင်နဲ့အတူရှိနေမည့် လင်းသာအချိန်ကိုလည်း မယူချင်သလို အခုမှပြန်အဆင်ပြေကာစရှိသေးသည့် မာန်နဲ့ခွန်းဆက်တို့ကိုလည်း မနှောက်ယှက်ချင်သည်ကြောင့် သူတစ်ယောက်တည်းသာ ထွက်လာခဲ့သည်။ ထိုသည်ကို ဘယ်ကသတင်းရသွားသည်မသိ မင်းမြတ်က သူရှိရာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။

"ကိုကို ခဏစောင့်ပါအုံး"

အနောက်က ခေါ်သံကိုကြားပါသော်လည်း လျစ်လျူရှုကာ သော်တာအရှေ့သို့သာအမြန်လျှောက်နေသည်။ သို့သော်လည်း ချက်ချင်းပင် မင်းမြတ်က သူ့အနားသို့ ရောက်ရှိလာသည်။ မင်းမြတ်လက်ထဲတွင်လည်း ချောကလက်ရေခဲမုန့်နှစ်ခုပါလာသည်။ မင်းမြတ်က သူ့အား စောင်းငဲ့ကြည့်လာပြီး

"ရေခဲမုန့်ဝယ်တုန်းလေး ချက်ချင်းပျောက်သွားတာပဲနော်"

သော်တာကတော့ ဘာမှပြန်မပြောပဲ ဘေးမှလူအား လေလိုသာ သဘောထားလိုက်ကာ ရှေ့သို့သာ ဆက်လျှောက်နေသည်။ သို့သော်လည်း ထိုလေလိုလူသားက သူတည်ရှိကြောင်း သက်သေပြသည့်အနေဖြင့် သူ့လက်ထဲမှ ရေခဲမုန့်တစ်ခုအား သော်တာ့ဆီ ကမ်းပေးလာသည်။

"ရော့ တစ်ခွက်ယူ"

ရေလည်း ဆာနေသည်ဖြစ်ရာ သော်တာ မငြင်းတော့ပဲ ထိုခွက်အား လှမ်းယူလိုက်ပြီး တစ်ဇွန်းစားလိုက်သည်။ သူပေးလိုက်သော ရေခဲမုန့်အား အငြင်းစကားမဆိုပဲ ယူကာ စားနေသောသူကြောင့် မင်းမြတ် တစ်ချက်ပြုံးလိုက်ရင်း

"ကိုကို မစားဖူးမှန်းသိလို့ ဝယ်ကျွေးတာ...ဒါကိုကိုစားနေကျ ၃၀၀တန်ရေခဲမုန့်မဟုတ်ဘူး... ၂၀၀၀တန်"

ပြောလာသော မင်းမြတ်စကားကြောင့် သော်တာစားလက်စ ရေခဲမုန့်ပင် နင်သွားရသည်။ ထို့နောက် မင်းမြတ်အား ဒေါသတကြီး ကြည့်ကာ

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now