🍂Part-21🍂

244 6 0
                                    

(Unicode)(Part 21)

ခွန်းဆက် ဆိုဖာတွင်ထိုင်ကာ ဖုန်းနှိပ်နေရင်း မာန့်ကို စောင့်နေသည်။ တစ်နာရီကျော်ကျော်လောက် ကြာတာတောင် ဆင်းမလာသေးသော မာန်ကြောင့် ရှည်အောင်ဆွဲဆန့်ထားသော စိတ်က တဖြည်းဖြည်း တိုလာနေပြီ ဖြစ်သည်။

"မိန်းကလေးလည်း မဟုတ်ပဲ ဘာတွေ အဲ့လောက်တောင် ပြင်နေလို့ ကြာနေလဲ မသိဘူး"

"တိုးတိုး တိုးတိုးနဲ့ ငါ့အကြောင်း အတင်းတုပ်နေတာလား"

အသံကြောင့် မော့ကြည့်လိုက်တော့ လှေကားပေါ်မှ တစ်ထစ်ချင်း ဆင်းလာသော အဖြူရောင်နတ်သားလေး။ shirt အင်္ကျီနဲ့ style pants ကို အပေါ်အောက်အဖြူသာ ဝတ်ဆင်ထားသည်။ ဆံပင်များကို နဖူးပေါ်သို့ချကာ ဘေးစောင်းဖြီးထားသည်။ နှုတ်ခမ်းဖူးဖူးလေးကလည်း ရဲနေပြန်သည်။  မျက်ဝန်းများကတော့ ကောင်းကင်ကြီး သဖွယ် ပြာလဲ့နေသည်။ အသားဖြူလွန်းသူက အဖြူဝမ်းဆက်ကို ဝတ်ထားသည်ကြောင့် နှင်းလုံးလေးသဖွယ်ပင်။

"ဘာကြည့်နေတာလဲ... သွားမယ်လေ"

"ဟမ်... အင်း သွားမယ်"

ငေးကြည့်နေရာမှ သူခိုးလူမိဖြစ်သွားသည်ကြောင့် ရှက်ရှက်နှင့် ခွန်းဆက် မာန့်အရှေ့မှ အမြန်ရှောင်ပြေးတော့သည်။

"နေအုံး... မင်း အဝတ်အစားမလဲဘူးလား"

"မလဲတော့ဘူး... အစထဲက ချောပြီးသားဆိုတော့ တစ်ချို့တစ်ချို့လူတွေလို အချိန်အကြာကြီး ပြင်စရာမလိုဘူးလေ"

မျက်ခုံးတစ်ဖက်ပင့်ကာ ပြုံးစိစိနှင့်ပြောလာသော ခွန်းဆက်ကြောင့် မာန် အန်ချင်သည့်ပုံစံလုပ်ပြကာ

"ဝေါ့...အန်ချင်လိုက်တာနော်"

"အန်ချင်ရင်နောက်မှအန်...အခုကျွန်တော့်ကားပေါ်တက်"

"ဘာလဲ... မင်းက ဘာလို့ ကားမောင်းမှာလဲ... မရဘူး...မမောင်းရဘူး"

"ဟ... ဒါဆို ခင်ဗျားမွေးပေးထားတဲ့ ကျွန်တော့်သားလေးကို ဘယ်တော့စစီးရမှာလဲ"

"ဘာ!!! "

"အယ် မှားလို့ ခင်ဗျားဝယ်ပေးထားတဲ့ သားလေးလို့ပြောတာ ဟဲဟဲ"

အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)Where stories live. Discover now