(Unicode)(Part 27)
ရန်ကုန်မြို့တွင်ရှိသော နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏ VIP room တစ်ခုတွင် လူ ၃ယောက်ရှိနေသည်။ အသက်၄၀ ကျော် ၅၀ အရွယ် လူလတ်ပိုင်းများ ဖြစ်ကြသည်။ ထိုသူတို့၏ ဝတ်စားဆင်ယင်ပုံများမှာ အထက်တန်းလွှာများသာ ဝတ်ဆင်နိုင်သော ပုံမျိုးဖြစ်သည်။ ရုပ်ရည်များကလည်း သူမတူအောင် ချောမောနေကြသေးသည်။ လူ၃ယောက်ရှိနေသော်လည်း အခန်းလေးထဲ အသက်ရှုသံမှလွဲ၍ ကျန်သည့်အသံများမကြားရ။
"ဘာကိစ္စရှိလို့ ငါတို့ကိုခေါ်တာလဲ...ဌေးသစ္စာ"
ထို၃ယောက်အနက် အမျိုးသမီးတစ်ယောက်က စကားစလိုက်သည်။ ထိုအခန်းထဲတွင် ဌေးသစ္စာ၊ ရွှေအိန္ဒြေတို့မောင်နှမ နှစ်ယောက်နဲ့ အမျိုးသားတစ်ယောက်။ ဌေးသစ္စာက သက်ပြင်းတစ်ချက်ချကာ
"မမ...မျိုးနိုင်ကို နောက်ယောင်ခံလိုက်နေတဲ့သူရှိတယ်"
"အဲ့တော့"
ရွှေအိန္ဒြေက အရေးမကြီးသည့်ဟန် ရှေ့မှအအေးခွက်ကိုသောက်ရင်း မျက်ခုံးပင့်ကာ ပြောသည်။
"အဲ့တော့ မလုပ်နဲ့ မမ... ဒါက ကျွန်တော်တို့ ကိစ္စတွေပါ ပေါ်သွားနိုင်တယ်"
"သူမဟုတ်တာလုပ်ထားလို့ သူနောက်လိုက်နေတာနေမှာပေါ့... နင်က ဘာတွေ တွေးပူနေတာလဲ"
"ကျွန်တော်တို့ကိုပါ ဆွဲထည့်မှာစိုးလို့ ပြောနေတာ မမရ"
"ဒါဆို နင်က ဘယ်လိုလုပ်ချင်လဲ"
"သတ်ပစ်ရမှာပေါ့!"
တစ်လုံးချင်းအေးစက်စွာ ထွက်ပေါ်လာသော စကားသံ။ ထိုစကားသည် ဌေးသစ္စာထံမှ မဟုတ်ပေ။ အခန်းထဲတွင်ရှိကာ လွန်ခဲ့တဲ့နာရီပိုင်းကအထိ တိတ်ဆိတ်နေခဲ့သော အမျိုးသားထံမှဖြစ်သည်။ ဌေးသစ္စာက ထိုအမျိုးသားဘက်ကို လှည့်ကြည့်လိုက်သည်။
"အဲ့ဒါကို ကျွန်တော် မတွေးမိဘူးလို့ ထင်နေတာလား အစ်ကိုလင်းလျာ... သူက အဲ့သလောက်မလွယ်ဘူး... သူ့လက်ထဲမှာ သက်သေတွေရှိတယ်... ကျွန်တော်တို့ သူ့ကို သတ်ဖို့မဖြစ်နိုင်ဘူး"
"မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး ယောက်ဖလေး... သူမရှိတော့ရင် သူ့သက်သေတွေလည်း မရှိတော့ဘူးလေ"
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)