(Unicode)(Part 43)
"ရောက်တာနဲ့ ရန်ရှာနေတဲ့ သားကြောင့် ရောဂါတောင် ကြောက်လို့ ထွက်ပြေးသွားပြီ"
"Daddy ကလဲဗျာ"
"ဟားဟား ဟားဟား"
အခန်းလေးအတွင်း ဦးခွန်းမြတ်နဲ့ ဦးညီညီနိုင်တို့၏ ရယ်သံများက ထွက်ပေါ်လာတော့သည်။ ခွန်းဆက်လည်း သူ့ဖခင်စကားကြောင့် လည်ပင်းကိုပွတ်ကာ အရှက်ပြေရယ်နေသည်။ ကျန်လက်တစ်ဖက်ကတော့ မာန့်လက်ကို ဆုပ်ကိုင်ထားသည်။ ဘာကြောင့်ရယ်မှန်းမသိ မာန်လက်များက တဖြည်းဖြည်းအေးစက်လာနေသည်ကို ခွန်းဆက် ခံစားနေရသည်။
ခွန်းဆက် မာန့်ဘက်ကို စောင်းငဲ့ကာကြည့်လိုက်တော့ မာန်က ခေါင်းကို ငုံ့လို့ထားကာ ကြမ်းပြင်ကိုကြည့်နေသည်။ ဘေးတိုက်အနေအထား မြင်ရသော မာန့်ပုံစံလေးက တစ်မျိုးဆွဲဆောင်မှုရှိနေသည်။ မျက်လွှာလေးကိုချထားသည်ကြောင့် မျက်တောင်ရှည်များက ဖြာကျလို့နေသည်။ ပန်းသွေးရောင်ပြေးနေသော ပါးပြင်ထက်မှ သွေးကြောစိမ်းလေးတို့ကလည်း ပင့်ကူမျှင်လို ယှက်ဖြာနေသည်ကို အထင်းသားမြင်နေရသည်။ နှင်းဆီလိုရဲနေသည့် နှုတ်ခမ်းလေးဆီ အကြည့်ရောက်မိတော့ ခွန်းဆက် တံတွေးတစ်ချက်မျိုချလိုက်ရသည်။
"ဟုတ်ပါ့ အစ်ကိုရေ...အစ်ကို့သားရှိရင် ဘယ်ရောဂါမှ အစ်ကို့ဆီလာရဲမှာ မဟုတ်တော့ဘူး"
ခွန်းဆက် မာန့်ကိုငေးနေစဉ် ထွက်ပေါ်လာသော ဦးညီ အသံကြောင့် မာန့်ထံမှ အကြည့်လွှဲလိုက်ရင်း
"ဟာ...ဦးကလည်း"
"ဦးကလည်း မနေနဲ့...မင်းကိုခေါ်လိုက်တာ ငါလေ ဘာကြောင့် မာန့်နားသွားကပ်နေတာတုန်း"
"သားက ကပ်ချင်လို့ကပ်တာမဟုတ်ပါဘူးနော်...မာန့်ဆီက သံလိုက်စွမ်းအားက သားကိုဆွဲနေလို့...ဟုတ်တယ်မလား မာန်"
ခွန်းဆက် ပြုံးစစဖြင့် မာန့်ကိုကြည့်ကာ ပြောလိုက်သော်လည်း မာန်ကတော့ ငြိမ်သက်လျက် ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ သူ့စကားအား မကြားသူ တစ်ယောက်လို ဘာတုံ့ပြန်မှုမှ ပေးမလာ။ ခွန်းဆက် စိတ်ထဲအလိုမကျဖြစ်သွားသော်လည်း ဘာမှပြောမနေတော့ပဲ ဦးခွန်းမြတ်ကိုကြည့်ကာ
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)