(Unicode)🥀မောင့်မာန်တို့်နဲ့ ခဏတာ🥀
နှင်းဆီရနံ့စူးစူးများ ပျံ့လွင့်နေသော အခန်းငယ်တစ်ခု။ နံရံတို့တွင်လည်း အပြာဖျော့ရောင်ဆေးကို သုတ်ထားပြီး အနီရဲရဲနှင်းဆီပွင့် သဏ္ဍာန် ရေးဆွဲလို့ထားသည်။ အခန်း၏ အလယ်တွင်တော့ နေဗီပြာရောင် တစ်ယောက်ထိုင် ဆိုဖာနှင့် နှစ်ယောက်ထိုင်ဆိုဖာခုံရှည်တို့ကို စားပွဲ၏ဘေးတစ်ဖက်တစ်ချက်တွင်ထားကာ ဆိုဖာနှစ်ခုအား မျက်နှာချင်းဆိုင်ရှိစေသည်။ စားပွဲပေါ်တွင် တစ်ခန်းလုံးပျံ့လွင့်နေသော နှင်းဆီရနံ့တို့၏ အရင်းအမြစ်ဖြစ်သော နှင်းဆီနီနီများကို အလှပန်းအိုးထဲထိုးကာ တင်ထားသည်။ တစ်ယောက်ထိုင် ဆိုဖာခုံတွင်တော့ ကောင်မလေးတစ်ယောက်ရှိနေကာ သူမလက်ထဲမှ စာရွက်များကို ငုံ့ကြည့်နေသည်။ မိန်းမဝတ် shirt လက်တို အဖြူအနက်အစင်းကြားလေးကို style pants အနက်နဲ့တွဲကာ ဝတ်ထားသည်။ ခါးထိရှည်သော ဆံပင်များကိုလည်း ကျောဘက်တွင်ဖြန့်ချထားသေးသည်ကြောင့် ခေါင်းငုံ့ကာ စာရွက်ကိုကြည့်နေသောအခါ ဆံခြည်မျှင်တစ်စနှစ်စတို့က ရှေ့ဘက်သို့ရောက်ရှိလာသည်။
လက်တစ်ဖက်ဖြင့် ထိုဆံပင်များအား သပ်တင်လိုက်ပြီး ခေါင်းမော့လိုက်တော့ မျက်နှာလေးက ရှင်းလင်းစွာ ပေါ်လာသည်။ ဝိုင်းစက်နေသည့် အနေအထားမဟုတ်သော်လည်း သာမန်ထက်ပိုပြီး မျက်နှာလေးကဝိုင်းနေသည်။ ဆံပင်လေးကို အနောက်သို့လှန်ကာ ကလစ်ဖြင့်ထိန်းထားသည်ကြောင့် နဖူးပြင်သေးသေးလေးပေါ် တိုတိုစိတ်စိတ်ဆံပင်တို့သာ ရှိနေသည်။ မျက်ဝန်းအိမ်ဝိုင်းဝိုင်းလေးကို မျက်မှန်ဝိုင်းလေးက ကာရံလို့ထားသည်။ နှာတံလုံးလုံးလေး၏ ညာဘက်တွင် မှဲ့နက်ကလေးက ထင်ရှားစွာ။ ဖောင်းသည်ဆိုရုံသာရှိသော ပါးကလေးနှစ်ဖက်ကလည်း ဆွဲညစ်ပစ်ချင်စရာ။ နှုတ်ခမ်းပါးပါးသေးသေးလေးက စာရွက်ပေါ်မှ စာများကိုရေရွတ်နေသည်ကြောင့် တလှုပ်လှုပ်နှင့်။ ထိုမိန်းကလေးကတော့ အမုန်းမှသည် ချစ်ခြင်းဆီသို့ရဲ့ ပဲ့ကိုင်ရှင် မိုးကြယ်ဖြူပင် ဖြစ်သည်။ (confidence level so high နေသော မိုးကြယ်ဖြူ🤣)
ထိုစဉ် တံခါးဖွင့်သံကြားလိုက်ရသည်ကြောင့် တံခါးရှိရာဘက် လှည့်ကြည့်လိုက်မိတော့ သူမဆီလှမ်းလာနေပါသော ခြေလှမ်းနှစ်စုံ။ သိပ်ကိုကြည့်ကောင်းလွန်းသော ယောက်ကျားလေးနှစ်ယောက်။ မိုးပြာရောင် shirt နဲ့ style pants အနက်တို့ကို ဆင်တူဝတ်ဆင်ထားသည်။ တစ်ယောက်လက်တစ်ယောက်ဆွဲကာ သူမထိုင်နေသည့်အနားရောက်လာပါသော ထိုအမျိုးသားနှစ်ယောက်။ ယောက်ကျားလေးများဖြစ်နေသည့်တိုင်အောင် လိုက်ဖက်နေမှုမှာ နတ်ဖက်ထားသည့်စုံတွဲအလားပင်။
YOU ARE READING
အမုန်းမှသည်...ချစ်ခြင်းဆီသို့(နာကျည်းချက်များနှင့် အချစ်ကိုဖန်ဆင်းမည်)