အခန်း (၈၃): ဆုံကြပြန်ပြီ (၂)
Words Count: 4464
UNICODE
Henituse ဒေသမှသည် Roan တိုင်းပြည်၏အနောက်မြောက်ပိုင်းဒေသ၏အလယ်နားလောက်တွင်တည်ရှိသော Stan နယ်မြေဆီသို့သွားရသည့်ခရီးမှာ အတော့်ကိုရှည်လျားလှပေသည်။
"ဟူးမန်း! ငါတို့တွေဒီတိုင်းအဲ့ကိုရွေ့လျားစက်ဝန်းမှော်အတတ် (Teleport Magic) နဲ့ပဲသွားလို့မရဘူးလား?"
ထိုသည်ကြောင့်ပဲ Raon မှာသူတို့တွေမှော်အတတ်ကိုသုံးပြီးသွားလို့မရနိုင်ဘူးလားဟုတဂျီဂျီမေးမြန်းနေပေတော့သည်။ Raon ၏အရည်အချင်းတို့မှာ Rosalyn နှင့်အချိန်တစ်ချို့တူတူရှိပြီးသည့်နောက်တော့ တရှိန်ထိုးတိုးတက်လာပုံပေါ် ပါ သည်။
Rosalyn တစ်ယောက်သူ့ကိုပြောခဲ့သည့်စကားအား Cale ပြန်လည်အမှတ်ရမိပါသည်။
'သူ့ရဲ့ပထမကြီးထွားအဆင့်ကိုမရောက်သေးတာတောင်မှ နဂါးတွေကတကယ်ကိုအကောင်းဆုံးပဲဗျို့...သူ့ရဲ့စွမ်းဆောင်ရည်နဲ့ လေ့လာသင်ယူမှုနူန်း နှစ်ခုလုံးကတကယ်ကြောက်ဖို့ကောင်းတယ်ရယ်'
နဂါးတို့မှာအလွန်ကိုရှည်လျားသောသက်တမ်းတို့ဖြင့်နေထိုင်ကြသည်။ ထို့ကြောင့်ပဲ Raon လေး၏ပထမကြီးထွားအဆင့်သို့ရောက်ဖို့အချိန်မှာအတော်လေးလိုပေသေးလေသည်။ ဒါပေါ့ အဲ့ဒီ့ပထမကြီးထွားအဆင့်ဆိုတာက အကယ်၍ နဂါးတစ်ကောင်ကထိတ်လန့်စရာကောင်းတဲ့ကိစ္စတစ်ခုကိုလက်ခံရရှိခဲ့ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် စွမ်းအင်ပါဝါကိုအသည်းအသန်ရှာဖွေလိုရင်ပဲဖြစ်ဖြစ် စောလင့်စွာရောက်လာတတ်သည်။
နဂါးများမှာစုစုပေါင်းမတူညီကွဲပြားသောကွဲပြားအဆင့်သုံးမျိုးတို့ကိုကျော်ဖြတ်ရသည်။ ပထမကြီးထွားဆင့်မှာ ကိုယ်ခန္ဓာအားပြောင်းလဲမှုအနည်းငယ်ကိုဖြစ်ပေါ် စေသည်။ ဒုတိယနှင့် တတိယဆင့်တွင်တော့ သူတို့၏ခန္ဓာကိုယ်မှာအကြီးအကျယ်ကြီးထွားလာမှာဖြစ်ကာ တတိယကြီးထွားဆင့်ကိုကျော်ဖြတ်ပြီးလျှင်တော့ သူတို့အားမီတာနှစ်ဆယ်အရှည်ရှိသောအရွယ်ရောက်ပြီးသားနဂါးတစ်ကောင်အဖြစ်သို့ပြောင်းလဲသွားစေမှာဖြစ်သည်။

BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Viễn tưởngအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️