အခန်း (၆၁): ဒီတိုင်းဖျက်စီးလိုက် (၃)
Words Count: 4499
UNICODE
Witira နှင့် Paseton တို့မောင်နှမတို့သူ့အားမရေမရာစိုက်ကြည့်နေသည်အား Cale သည်ဂရုမစိုက်ခဲ့။ မကြာမှီအချိန်တွင် သူတို့သည် On နဲ့ Hong တို့၏အရည်အချင်းတို့ကိုမျက်မြင်တွေ့ ရပေတော့မည်။
"သွားကြရအောင်"
အနက်ရောင်နဂါးလေးသည် ကျောက်တံတိုင်းကြီး၏အပေါ် ဖက်သို့စတင်ပျံသန်းတက်သွားကာ Cale ၏ခန္ဓာကိုယ်သည်လည်းသူ့နောက်မှနေ၍လေပေါ် သို့မြှောက်တက်လိုက်လာခဲ့သည်။ အလိုအလျောက်ဆိုသလို Cale လက်မောင်းထဲရှိ On နဲ့ Hong တို့သည်လည်း Cale နဲ့အတူလေထဲသို့မြှောက်တက်သွားခဲ့သည်။
"Paseton"
သူ၏နာမည်ကို Witira လှမ်းခေါ် လိုက်တော့ Paseton သည်သူ၏ခေါင်းကိုငြိမ့်ပြခဲ့ကာ ဝေလငါးမောင်နှမတို့သည်ကျောက်တံတိုင်းကြီးအပေါ် သို့အရှိန်ဖြင့်ပြေးတက်ကြတော့သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းရေများမှာ သူတို့ခြေထောက်တို့ကိုဝန်းရံ၍ အပေါ် သို့ပင့်မြှောက်ပေးကြသည်။
လေတို့ကိုခွင်း၍ Cale သည်ကျောက်တံတိုင်းအပေါ် ဆုံးသို့ရောက်ခဲ့တော့သည်။
"ဝိုး"
Hong ၏အသံထဲတွင်သဘောကျနှစ်ခြိုက်မှုတို့အပြည့်။
အလင်းမဲ့တောအုပ် နှင့် သူ၏သဘာဝမြင်ကွင်းကျယ်တို့မှာ Cale တို့အုပ်စုအရှေ့၌ပေါ် ထွက်လာသည်။
ထိုသည်မှာ ကန့်သတ်နယ်မြေငါးခုထဲမှ အကျယ်ပြန့်ဆုံးနံပါတ်နှစ်နယ်မြေဖြစ်ကာ Roan တိုင်းပြည်၏အရှေ့မြောက်ထိပ်ဖျားပိုင်းမှစ၍ အရှေ့ဖက်ကမ်းရိုးတန်းတို့အထိ ဘဲဥပုံသဏ္ဏာန်ဖန်တီးလို့တည်ရှိ၏။
တောအုပ်ကြီးတစ်ခုလုံး၏အကျယ်အဝန်းမှာ အနည်းဆုံးနယ်မြေနှစ်ခု သုံးခုပေါင်းစာလောက်ရှိလောက်အောင်ကြီးမားကျယ်ပြန့်၏။ ထို့ကြောင့်ပဲ Roan တိုင်းပြည်မှာဤမြေအားထိန်းချုပ်လိုခဲ့သော်လည်း ယခုထိတိုင် မည်သူတစ်ဦးတစ်ယောက်မှလုပ်နိုင်စွမ်းမရှိသေးပေ။

BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Viễn tưởngအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️