အခန်း (၆၉): ရည်ရွယ်ခဲ့သည်နှင့်ကွဲလွဲသော
Words Count: 3578
UNICODE
Cale သည် Billos ၏ပခုံးအားအသာတစ်ချက်ပုတ်လိုက်၏။ ထို့နောက် Billos မှာ Cale တစ်ယောက်စကားပြောလာသည်နှင့်အမျှ သူ၏မျက်လုံးတို့၌ မျှော်လင့်ချက်ရောင်ခြည်တို့ဖြာထွက်လာရတော့သည်။
"အဲ့တော့ရတနာတစ်ချို့ကိုလိုအပ်ရင်...အလုပ်ကိုကြိုးစားထား"
ထိုသည်မှာ သာမန်မျှသာဖြစ်သောညွှန်ကြားချက်တစ်ခုဖြစ်ပေမယ့်လည်း Billos ကတော့တက်ကြွစွာပြန်လည်ဖြေကြား၏။
"သခင်လေးကျွန်တော့်ကိုအလုပ်လုပ်ခိုင်းသလောက်...ကျွန်တော်ကြိုးကြိုးစားစားလုပ်ပါ့မယ်...ဟီဟီ"
သိသိသာသာကြီး Billos တစ်ယောက်တက်ကြွနေသည်ကိုမြင်လိုက်ရတော့ Cale မှာသူ၏ခေါင်းတို့ကိုခါရမ်းမိသွားသည်။ Billos ခေါင်းထဲမှာအခုဆိုအတွေးတွေများနေလောက်မှန်း Cale သိထားပါသော်လည်း ထို Billos မှာအခုသူ၏ပုံစံကိုဟန်ဆောင်ထားတာဖြစ်ပေသည်။
'ငါကိစ္စတွေကိုသေသေချာချာမရှင်းပြထားလို့လည်းပါတယ်'
Billos ကိုသူပြောပြခဲ့တာဆိုလို့စကားလုံးနှစ်လုံးသာ။
မှော်စက်ပစ္စည်း။ Billos သည်ယင်းစကားလုံးနှစ်လုံးကိုသာကြားသိထားခဲ့သည်။ Billos တစ်ယောက်အလုပ်လုပ်ဖို့ထွက်သွားသည်ကိုကြည့်နေခဲ့သော Cale သည်လူတစ်ယောက်ကိုကြည့်ဖို့ရာ သူ၏အကြည့်တို့ကိုလွှဲလိုက်သည်။
Whipper တိုင်းပြည်တွင်သတိကြီးကြီးထားဖို့အလိုအပ်ဆုံးဖြစ်သည့်လူတစ်ယောက်အား Cale သည်စိုက်ကြည့်နေမိ၏။
Rosalyn။
ထိခိုက်ဒဏ်ရာရတာမျိုး ဒါမှမဟုတ် အသတ်ခံရတာမျိုးအထိမဖြစ်သွားရအောင် Mage တစ်ယောက်ဖြစ်သည့် Rosalyn မှာသတိကြီးကြီးထားဖို့လိုအပ်ပါသည်။ ကုန်းပတ်ပေါ် မှာမတ်တပ်ရပ်နေသေးသည့် Rosalyn ကိုတွေ့ လိုက်ရတော့ Cale သည်သူမအနားသို့ချည်းကပ်သွားလိုက်သည်။ ထိုအခါမှပဲ သူမအား သူသတိပေးလို့ရနိုင်ပေမည်။

BẠN ĐANG ĐỌC
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Viễn tưởngအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️