အခန်း ၅၀: ရေဝဲဆီသို့အလည်တစ်ခေါက်
Words Count: 4341
UNICODE
Cale ဘာတွေတွေးနေလဲဆိုသည်ကိုတစ်ခုမှမသိရှာတဲ့ Amiru ကတော့ Cale ၏မူန်မိူင်းနေသောမျက်နှာဘေးမှာ သူ၏သနားကြင်နာတတ်သောစရိုက်ကြောင့်ပင်ဖြစ်ရမည် ဟုထင်မှတ်နေခဲ့လေသည်။ ထို့နောက် သူမကပဲစကားကိုဆက်သည်။
"သူ့ရဲ့အဝတ်အစားနဲ့ ကိုယ်လုံးကိုယ်ပေါက်ကိုကြည့်ရတာတော့ Whipper တိုင်းပြည်ကဖြစ်ပုံပဲ"
ထိုလူမှာကျိန်းသေပေါက်ကို Toonka ပင်။
Amiru စကားဆက်ပြောလေလေ Cale ၏မျက်နှာမှာဖြူဖျော့လာလေလေဖြစ်နေလျက်။
Whipper တိုင်းပြည်၌ Mage များနှင့်ထိပ်တိုက်တိုက်ခိုက်နေသည့် Mage မဟုတ်သည့်သာမန်လူတို့မှာ ကြမ်းတမ်းသောအရိုင်းအစိုင်းလူများအဖြစ် Mage များ၏လျစ်လျူရှူခြင်းကိုခံခဲ့ရသည်။
သို့သော်လည်း ဤကမ္ဘာ၌လူရိုင်းဟူ၍မရှိ။
လူသားအားလုံးမှာတူညီသောဦးနှောက်အသိဥာဏ်တို့ရှိပြီး အချိန်ကြာလာတာနဲ့အမျှ သမိုင်းကြောင်းတွေဖန်တီးပေါ် ပေါက်လာခဲ့ကာ လူသားတို့သည် သူတို့အံဝင်ခွင်ကျအဖြစ်ဆုံးနည်းလမ်းနှင့်တိုးတက်လာကြ ကြီးပြင်းလာကြရုံသာဖြစ်သည့်အတွက် ဒီကမ္ဘာတွင်လူရိုင်းဟူ၍မရှိပေ။
ထို့အပြင် Whipper တိုင်းပြည်အတွင်းရှိကြမ်းတမ်းလှသောတောင်တန်းများနှင့် ကမ်းစပ်နေရာများကိုမည့်သည့်မှော်ပညာအတတ်တို့ကိုမှအသုံးမပြုဘဲ ထိန်းချုပ်ထားနိုင်လောက်အောင် Mage မဟုတ်သူများမှာအင်အားကြီးကြသည်။ သူတို့မှာ မှော်ပညာကဲ့သို့သောအခြားအတတ်ပညာများအပေါ် အမှီသဟဲပြုရမည့်အစား သူတို့၏လူ့ကိုယ်ခန္ဓာကိုသာအင်အားကြီးလာအောင်ပြုလုပ်ဖို့အာရုံစိုက်ထားကြသူများဖြစ်၏။
သူတို့တော်လှန်နေရခြင်းအကြောင်းမှာ Mage များအတွက်ကိုသာ လွယ်ကူအေးဆေးသောဘဝကိုပေးစွမ်းထောက်ပံ့ထားသည့် အခုလက်ရှိ Whipper တိုင်းပြည်ကိုဖျက်စီးပြီး တိုင်းပြည်၏မူရင်းပုံစံကိုပြန်လည်အသက်သွင်းလို၍ပင်။

YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️