နွံလိုလူ ...
မခေါ်ပါပဲနဲ့လည်း ဘဝထဲဇွတ်ဝင်လာတယ်
မနှင်ပါပဲနဲ့လည်း ဘဝထဲကဇွတ်ထွက်သွားတယ်
နင်စိတ်တိုင်းကျ လုပ်ပြီးမှပဲ
အဆင်ပြေရဲ့လား ....တဲ့လိပ်ပြာ အကောင်တသောင်းလောက်
ရင်ဘတ်ထဲဖြတ်ပြေးသွားသလိုပဲဟာ
အဲ့စကားကြားရရင် ငါရူးမတတ်အငွေ့တထောင်းထောင်းထနေတဲ့
ကော်ဖီခွက်ကပြုံးပြတယ်
ဖတ်လက်စ ကဗျာစာအုပ်လေးကတော့
ကရုဏာသက်နေလေရဲ့နင့်ကိုငါလိုအပ်တယ်ဆိုတဲ့စကား
နင့်ဆီကထပ်ကြားချင်လိုက်တာဟာ
စကားတခွန်းကြောင့် ငါ့အိပ်ယာဝင်ချိန်တွေ
အရင်လိုအထီးမကျန်တော့ဘူးအမှတ်မရှိဘူး ငါ
နွံ လိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ#mp