XXVI

16 2 0
                                    

နေ့တစ်နေ့ရဲ့ အလှဆုံးအချိန်က
နေဝင်ချိန်လား နေထွက်ချိန်လား ငါမသိဘူး
ငါ့အတွက်ကတော့
နင်နဲ့အတူတူရှိတဲ့အချိန်က
ငါ့ တစ်နေ့တာမှာ အလှဆုံးပဲ

နင်ဖတ်ခြင်ပါ့မလားမသေချာပေမဲ့
ငါ ကဗျာတွေ ရေးဖြစ်နေတုန်းပဲ
နင် လိုချင်သေးလား မရေရာပေမဲ့
ငါ့ အချစ်တွေ ကိုလဲ ပေးမိနေတုန်းပဲ

ငါ့ကိုယ်ငါ လောင်မြှိုက်ခံပြီးတော့ကို
မိုက်ရူးရဲဆန်ခဲ့တာ
ငါ နာကျင်ရတာတွေကို နင်မသိလဲဖြစ်တယ်
ဒါပေမဲ့ ပျော်ပျော်တော့နေပေးပေါ့ဟာ

အမှောင်ထဲမှာ တယောက်တည်း ငိုရတာကြိုက်တယ်
ဒါပေမဲ့ အငိုလွယ်တဲ့ ကိုယ့်ကိုတော့မုန်းတယ်
နားရှုပ်သွားပြီလား ဟုတ်တယ်
ငါက အဲ့လိုနားလည်ရခက်တဲ့သူတစ်ယောက်

တခါတလေကျ
နင့်ရဲ့ အပြုံးတွေဟာ
ငါ့အတွက်ပဲ ဖြစ်ရမယ်လို့
ငါ အတ္တကြီးကြီး မှတ်ယူထားမိပြန်တယ်
တခါတလေကျတော့လဲ
social ကျလွန်းတဲ့ နင့်ကိုစိတ်မချဖြစ်ရပြန်တယ်
နင်ကိုက ငါရူးသွပ်ခြင်းရဲ့ ကနဦးအစ

တခုတော့မှတ်ထားပေး
လူတိုင်းက နင့်လိုမဟုတ်ဘူး ကလေးရေ
အရောင်တွေ အရမ်းများတယ်
ငါကလဲ အဲ့ထဲက တစ်ရောင်ပဲပေါ့

ဒီကဗျာ ကို ငါကိုယ်တိုင်ပဲစရေးခဲ့သလို
ငါဘယ်လို အဆုံးသတ်ရမလဲမသိသေးပါဘူး

နင်လဲငါ့ကို ချစ်တယ်လို့ပြောတယ်
ငါလဲနင့်ကို ချစ်တယ်လေ
ကြားထဲက စည်းတွေကတော့
သောက်မြင်ကတ်စရာ ကောင်းအောင်လှပနေကြတာ
ငါတို့ ကျော်ဖြတ်နိုင်မှာပါ
လက်တွဲ မဖြုတ်ကြေးလေနော်

နေကောင်းအောင်နေပါ ဆိုတဲ့
စကားတခွန်းအောက်မှာ
ငါ ဆေးတွေသောက်တတ်လာခဲ့ပြီ
နေပူတယ်ဂရုစိုက်ပါလို့ဆိုပြန်တော့
ထီးဆောင်းရမှာလဲ ငါမပျင်းတော့ပါဘူး
ငါ့ကိုချစ်ရင် ဆိုပြီးအစချီတဲ့
နင့်တောင်းဆိုမှုတွေကို ငါဘယ်တုန်းကငြင်းလို့ရခဲ့ဖူးလဲ

နင်သိလား ... တခုခုဖြစ်လို့
အဲ့ဒီ နံရံကို ထိုးပစ်လိုက်တဲ့
နင့်လက်ကို ဖွဖွလေးနမ်းပြီး
ငါပြောမှာ ...
အရမ်းချစ်တယ် ....
ငါ့ကြောင့် မနာကျင်စေချင်ဘူးလေ

ဒီနေ့လည်း နင့်ကို လွမ်းတယ် ...

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp

နွံ Where stories live. Discover now