XLIII

12 1 0
                                    

ငါတို့အတူတူ
ကြယ်တွေကို ရေတွက်ကြမယ်
အချိန်တွေကိုတော့ ခဏမေ့ထားကြရအောင်

ငါတို့အတူတူ
စိတ်ကူးနဲ့ တိမ်တွေကို
ဖမ်းဆုပ်ကြည့်ကြမယ်
ကောင်းကင်ကြီးကိုတော့
မသိချင်ယောင်ဆောင်ကြရအောင်

ငါတို့အတူတူ
လေပြေလေးတွေတိုက်တုန်း
ဘယ်လောက် လွမ်းကြောင်းပြောကြမယ်
နာကျင်စရာတွေတော့ လျစ်လျူရှုထားရအောင်

စိတ်ချပါ ကလေးရယ်
မတွေ့ရတဲ့ အချိန်တွေမှာ
အမြဲလွမ်းနေအောင်လို့
ရင်ဘတ်ရဲ့ လက်ဝဲဘက်အခြမ်းက
အမြဲ အချက်ပေးနေပါလိမ့်မယ်

ဝင်သက်ထွက်သက် တွေတိုင်းတော့
မဟုတ်ပေမဲ့လို့
ဦးနှောက်ရဲ့ သုံးပုံနှစ်ပုံလောက်က
အချိန်တိုင်း နင့်အကြောင်းတွေးနေတယ်ဆို
နင်ရီနေလေမလား

အိမ်မက်ထဲက
ကျူးလစ် ပန်းခင်းကြီးထဲ
နင်နဲ့ အတူတူ သွားချင်တယ်
ငါ့ရဲ့လက်တွေကိုတော့
ခပ်တင်းတင်း ဆုပ်ကိုင်ထားပေးပေါ့

နင်နဲ့ ဖြတ်သန်းရမဲ့ အနာဂတ်ကို
စိတ်ကူးကြည့်တာနဲ့တင်
ပျော်စရာကောင်းလွန်းပါတယ်

ပင်ပန်းတာတွေလဲ ရှိမှာပေါ့
အတူတူဆိုရင်
ကျော်ဖြတ်နိုင်မှာပါ

ဘယ်လောက်ထိချစ်လဲမေးရင်
မဖြေတတ်ပေမဲ့
အရာရာတိုင်းထက်တော့
ပိုချစ်ပေးပါ့မယ်

အတိတ်ဘဝက ရေစက်ကြောင့်ဆိုရင်လဲ
ဆုံစည်းခွင့်ပေးတဲ့
ဘုရားသခင်ကိုတော့
ကျေးဇူးတင်ချင်တယ်

ငါ ဆိုးနေပေမဲ့လည်း
နင့်ကို လွမ်းတယ်
စိတ်ကောက်နေပေမဲ့ လည်း
အရမ်း ချစ်ပါတယ် 💗

parallel universe ဆိုတာ
တကယ်ကြီးရှိရင်
အဲ့ဒီမှာလဲ ငါတို့နှစ်ယောက်
ဒီလိုပဲ အရမ်းချစ်ကြမှာ

ဖြူစင်တဲ့ အနမ်းတစ်ပွင့်အတွက်
နှလုံးသားတခု ကြွေကြသွားရင်
တာဝန်ယူပေးပါ ကလေးရေ 🙈

ကြယ်တွေကိုရေတွက်ရင်း
တိမ်တွေကို ဖမ်ဆုပ်ရင်း
လေပြေတွေကြားထဲမှာလဲ
အရင်ကအတိုင်းပဲ
အရမ်းချစ်ပါတယ် ...

#mp

နွံ Where stories live. Discover now