တိမ်တွေကိုငေးရင်း သတိရမိတယ်
မပြောဖြစ်သေးတဲ့
အနာဂတ်ရဲ့အကြောင်းအရာတွေကိုစိတ်ကူးယဉ်ရင်း နင့်အကြောင်းလဲစဉ်းစားရင်းပေါ့
ညဆို သေချာမမြင်ရတော့ပေမဲ့
အခု တိမ်တွေအရမ်းလှတယ်ဖြတ်တိုက်သွားတဲ့ လေနုအေးလေးတွေထဲ
နင့်အကြောင်းစပ်ထားတဲ့ ကဗျာလေးတွေပါသွားတယ်
နင့်နဲ့ပက်သတ်ပြီးမှ
သဘာဝကြီးရဲ့အလှအပတွေကို ပိုခံစားတတ်လာတာ
အချစ်ဆိုတဲ့ စိတ္တနာမ်တခုရဲ့
နူးညံ့သိမ်မွေ့ခြင်းတွေလားအချစ်လို့ ခေါင်းစဉ်တပ်ထားတဲ့ ကဗျာတစ်ပုဒ်အောက်
ငါတို့ ခိုဝင်တဲ့အခါ
နင်သတ္တိရှိဖို့တော့ လိုလိမ့်မယ် ကလေးရေနာကျင်ခြင်းတွေကို အတူတူခံစားရတဲ့အခါ
တဖက်မှာလဲ ဝမ်းနည်းရသလို
ငါတို့ရဲ့ စစ်မှန်ခြင်းတွေအတွက်
တဖက်မှာလဲ ကြည်နူးမိပြန်တယ်မရေရာသေးတဲ့ အနာဂတ်ကို
စိတ်ကူးယဉ်ကြည့်ရတာကလည်း
ငါ့ရဲ့ ထပ်တိုးလာတဲ့ အလုပ်တစ်ခုပဲနင်သိလား
နင်မရှိတော့မဲ့ ငါ့ရဲ့ အနာဂတ်ကို
တွေးတောင်မကြည့်ဖူးဘူး
မတွေးရဲဘူး ဆိုပိုမှန်ပါလိမ့်မယ်
သံယောဇဉ်ဆိုတာကြောက်ဖို့ကောင်းတယ်ဟာ
ကိုယ်တိုင် စိတ်လိုလက်ရ ချည်နှောင်ခဲ့တာပဲ
ငါ မလွတ်မြောက်ချင်ပါဘူးနင့်ကို နွံလို့ပြောနေပေမဲ့
ငါ ကိုယ်တိုင် ခုန်ဆင်းခဲ့တာပါ
ရုန်းထွက်လို့ရရဲ့သားနဲ့
ငါ့ကိုယ်တိုင် မရုန်းထွက်ချင်ခဲ့တာပါလုပ်မိခဲ့တဲ့ အမှားတွေထဲ
နင့်ကို ချစ်မိသွားတာက
ငါ့အတွက် အမှန်တရားတခုပါပဲ
ရှေ့ဆက်ဘာဖြစ်မယ် ကြိုမသိပေမဲ့လည်း
တခုပဲရှိတယ်
ငါတို့ အချစ်တွေထပ်တူကျခဲ့တာကိုတော့
လုံးဝ နောင်တမရဘူး ...အရင်ကလိုပဲ နင့်ကိုငါချစ်တယ် ...
#mp