ငါဒီနေ့စိတ်ပျော်နေတယ် ကလေးရေ
နင့်ရဲ့ရယ်သံတွေဟာ
ငါရှေ့ဆက်ဖို့အတွက် ခွန်အားပဲ ...
ကန္တာရထဲက နောက်ဆုံးအိုအေစစ်တခုလိုပဲ
တိမ်စိုင်တချို့ က လက်ပြနှုတ်ဆက်သွားတယ်နင့်စိတ်တွေကို လွတ်ငြိမ်းခွင့်ပေးထားပါ
ငါဆိုတာနင့်အတွက်
အထောက်အကူမပြုနိုင်ရင်တောင်
ငြိမ်းချမ်းစေချင်သူရယ်ပါအလှဆုံးပြုံးနေဖို့က နင့်အလုပ်
တသက်လုံး ထိုင်ငေးဖို့က
ငါ့တာဝန်ထားလိုက်ပါယုံကြည်မှုတချို့ကို ငါတို့မြေကြီးထဲမြှုပ်ထားကြမယ်
တချိန်ကြရင် အတူတူ ပြန်တူးဖော်ဖို့လေ
အဲ့ဒီခါကျ သစ္စာ လေးတခုတော့ လိုရမယ်ရ ဆောင်ထားကြရအောင်လေတွေတိုက်နေပေမဲ့
ခပ်နွေးနွေးလေးငါခံစားနေရတယ်
အချစ်လို့တော့ ခေါင်းစဉ်မတပ်ချင်ဘူး
ငါမသိချင်ယောင်ဆောင်ပါရစေနင်ကတော့ လွတ်လွတ်လပ်လပ် ပျံသန်းပါ .....
နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ#mp