XLI

11 1 0
                                    

နင်သိလား ...
အခုနောက်ပိုင်း
ဘုရားသခင်ဆီမှာနားပူနားဆာလုပ်တဲ့
ငါ့ရဲ့ဆုတောင်းတွေထဲ
*မင်းနဲ့အတူတူ* ဆိုတဲ့ စကားလုံးပဲပိုလာခဲ့တာပါ

တခါတလေကြတော့လဲ
ခံစားရတာတွေကို
မပြောပြဖြစ်တော့ဘူး
နှစ်ယောက်လုံး နာကျင်ရမဲ့အစား
ငါပဲ တစ်ကိုယ်ကောင်းဆန်ပါရစေ

ဒီနေ့ ကဗျာရေးချင်စိတ်မရှိဘူး
ဒါပေမဲ့လဲ
ရေးဖြစ်နေတုန်းပါပဲ

နင်မရှိတဲ့
သောကြာနေ့ ညခင်းတွေအတွက်တော့
ဘုရားသခင်ကို တကူးတက
ကျေးဇူးတင်မနေတော့ပါဘူး

မိုးတွေအရမ်းရွာနေရင်
စိတ်ပူပြီး တဖွဖွမှာတတ်တဲ့
ကောင်လေး တစ်ယောက်ကို လွမ်းတယ်

ပကာသနတွေမစွတ်ဖက်ပါပဲ
စိတ်အားငယ်နေတဲ့အချိန်
ကျွန်တော့် အနားမှာနေပေးပါလားလို့
ခဏခဏ ပြောတတ်တဲ့
အဲ့ဒိ လူဆိုးလေးကို ငါချစ်မိသွားတာပါ

နင်မသိပါဘူး
နင်နဲ့ စကားပြောနေရတဲ့အချိန်ဆို
ငါ့ရင်ဘတ်ထဲ လိပ်ပြာတွေပျံနေတာ ...

ငြိမ်ငြိမ်နေကြပါဟာ
ငါ့ရဲ့ရင်ခုန်သံတွေကို
အပြင်က တကယ့်လိပ်ပြာလေးတစ်ကောင်
ကြားသွားပါဦးမယ်

ပျော်ရွှင်ခြင်းနဲ့ နာကျင်ခြင်း
နှစ်ခုထဲက
ရွေးချယ်ရမယ်ဆိုရင်တောင်
ငါ နင့်ကိုရွေးမယ်ဟာ

ဘဝ ကတခါတလေ
အမှောင်ထဲထိုင်နေပေမဲ့
အလင်းရောင်ကို
တကူးတက ဆောင်ကျဉ်းပေးမဲ့သူရှိတဲ့အခါ
ပျော်ရွှင် ရသလိုမျိုးပေါ့

ငါ့ဘဝထဲဝင်လာပေးလို့
နင့်ကို ကျေးဇူးတင်မဆုံးဘူး

နင်သိလား
နင်က သူများတွေအတွက်
ပိုးစုန်းကြူး တစ်ကောင်ဆိုရင်တောင်
ငါ့အတွက်ကတော့ လမင်းကြီးပါ

ဒီညတော့ ကြယ်တွေမစုံပေမဲ့
ကောင်းကင်ကြီးက လှနေတယ်
ဆိုင်ဆိုင်မဆိုင်ဆိုင်
နင့်ကို သတိရမိပြန်တယ်

ပြီးတော့ အရမ်းချစ်တယ်

နောက်ထပ် တစ်ဘဝဆိုတာ
ရှိခဲ့ရင်တောင်
နင်နဲ့ ပဲပြန်ဆုံတွေ့ဖို့
ဘရားသခင်ဆီမှာဆုတောင်းမယ်

သူလဲ နားငြီး လောက်ပါပြီ ...

ပြောမပြတတ်အောင်
ချစ်ပါတယ် ....

ိ#mp








နွံ Where stories live. Discover now