XXXIX

12 1 0
                                    

လွမ်းတယ် ...
စကားလုံး ၂လုံးပဲတတ်နိုင်ခဲ့တယ်
ဘယ်လောက်လွမ်းကြောင်းတွေ
ဘယ်လို လွမ်းကြောင်းတွေ
ငါ မဖွဲ့နွဲ့နိုင်ခဲ့

ချစ်တယ် ...
စကားလုံး ၂ လုံးပဲတတ်နိုင်ခဲ့တယ်
ဘယ်လောက်ချစ်ကြောင်း သက်သေတွေ
နာကျင်တယ်ပြောတိုင်း ပြေးတွေ့ခွင့်တွေ
လိုအပ်ချိန်တိုင်း အနားမှာရှိနေပေးဖို့တွေ
ငါ မဖန်တီးနိုင်ခဲ့ 💔

ဘာမှမတတ်နိုင်တဲ့အခါ
ငိုဖို့ကလွဲပြီး မသိတဲ့ငါက
အမှောင်တွေနဲ့ပဲ တန်တာပါ

ဒီနေ့ကျမှ နေရာတိုင်းမှာ
နင်ပေးခဲ့တဲ့ သီချင်းတွေကြီးပဲ
တိုက်ဆိုင် တာပဲလား
ငါကပဲ ကြားယောင်နေတာလား
ငါ မသိတော့ပါဘူး

မပင်ပန်းပါဘူး
နင်မရှိတော့မဲ့ အနာဂတ်တွေကိုပဲ
တွေးကြောက်မိတာ

ဒီနေ့ည တိုင်တည်ဖို့
ကြယ်တွေမရှိဘူး

နင်သိလား
လိပ်ပြာလေး ပျံဖို့အားမရှိတော့ရင်
လိပ်ပြာလေးဆီ လေတိုက်တိုင်း လွင့်လို့ရတဲ့
Dendelion  ပန်းလေးအဖြစ်သာ
ထပ်မံ မွေးဖွားခြင်မိတယ်

လွမ်းတယ် ဆိုတဲ့နေရာမှာတင် ရပ်ထားပါ
သူ့ရဲ့ တဖက်ခြမ်းမှာ နာကျင်ခြင်းတွေရှိတယ်
အချစ် ရဲ့ပူလောင်ခြင်းတွေကိုတော
နင့် ကို မခံစားစေချင်ဘူးရယ်

ဒါပေမဲ့ ...
ငါဆုတောင်းတွေ မပြည့်ခဲ့ပါဘူး
အဲ့ဒီ ပူလောင်ခြင်းတွေထဲ
ငါ့လက်နဲ့ငါကိုယ်တိုင် နှစ်မိနေတယ်

တန်သလားတော့မသေချာတော့ပေမဲ့
နင့်ရင်ခွင်တစုံမှာတော့
ခိုလှုံချင်သေးတယ်

ချစ်တယ် ဆိုတဲ့စကား
လည်ချောင်းတွေကွဲတဲ့ထိပြောပြချင်သေးတယ်

နင်ငါ့ကို လွမ်းတယ်
ဆိုတဲ့အကြောင်းတွေ
နားတွေအူတဲ့အထိ နားထောင်ချင်သေးတယ်

အခွင့်ရှိရင်ပေါ့ ...
ငါ မမျှော်လင့်ရဲတော့ပါဘူး
နင် နာကျင်ရရင် ငါလဲထပ်တူပဲဆိုတာလေးတော့
သိထားပေးပါ

နတ်ဘုရားတွေဆီရောက်ဖို့
ငါတို့ ဆုတောင်းတွေက
တိုးလွန်းနေသေးတယ်ထင်ပါရဲ့

အရင်ကထက်
ပိုချစ်တယ် ...

#mp




နွံ Where stories live. Discover now