XXXI

17 1 0
                                    

ပင်လယ်ကြီးကို ချစ်တယ်
တောင်တန်းတွေကိုလည်း ချစ်တယ်
အဲ့ဒါတွေထက်
ကိုကို့ မျက်ဝန်းလေးတွေကိုပိုချစ်တယ်ကွယ်

ရည်းစားစကားကိုလဲ ချွဲချွဲနွဲ့နွဲ့မပြောတတ်တဲ့ကိုကိုက
ဘယ်လိုများ သူများနှလုံးသားကို သိမ်းပိုက်သွားပါသလဲနော်
အမြဲ ဂျစ်ကန်ကန်ပြောတတ်တဲ့သူကို
နူးညံ့လာအောင်လဲ လုပ်နိုင်တယ်
ဘလိုလူလဲကွယ်

လွမ်းနေတယ်ဆိုတာသိရတော့
ကြည်နူးမိပါတယ်

ပန်းနုရောင် cherry blossom တွေဝေတဲ့အခါ
ကိုကို ဘေးနားမှာရှိပေးပါ
ထုတ်မပြောဖြစ်ပေမဲ့
အမြဲတမ်း လိုအပ်နေတာပါ

ညတွေဆို ကြယ်တွေကို
ကိုကို့အကြောင်းပြောပြဖြစ်တယ်
လူလည်ကျတဲ့အကြောင်းတွေ
အသည်းယားဖို့ကောင်းတဲ့အကြောင်းတွေရော
အိုး အစုံပါပဲ ...

တစ်နေ့တာ လုပ်ဆောင်ရမဲ့အလုပ်တွေထဲ
ကိုကို့ အကြောင်းထိုင်တွေးရတာကို
အကြိုက်ဆုံးပါပဲ
ငပျင်းလေးလို့ ကိုကိုပြောတဲ့အခါ
ရယ်ပဲရယ်နေပါတော့မယ်

ကိုကို့ ကိုလွမ်းတဲ့အခါ
တိမ်တွေကိုငေးတယ်
ကိုကိုရှိမဲ့ အရပ်ကို သူတို့တော့သိနိုင်တယ်လေ
ကံကောင်းရင်  အလွမ်းတွေတောင် ကိုကို့ဆီသယ်သွားပေးနိုင်တာပဲလေ

နေထွက်ချိန်ကစလို့ နေဝင်တဲ့အချိန်ထိလွမ်းတယ်
ပြီးတော့ ... ချစ်တယ်

ခရမ်းရောင် Tulip ပန်းခင်းကြီးထဲ
အတူတူ သွားချင်တယ်
အထိမ်းအမှတ်နေ့တွေမှာ
နှင်းဆီပန်းတစ်ပွေ့ကြီးထက်
ကိုကို့ အနမ်းတွေပဲ လိုအပ်တာပါ

ကိုကို ပျော်နေရင် ကြည်နူးပေးမယ်
ကိုကို ပင်ပန်းနေရင် ကဗျာတွေရေးပေးမယ်
ပျော်ရွှင်မှုကို တခြားသူတွေထက် ပိုပြီး ဆောင်ကျဉ်းပေးမဲ့သူပဲ ဖြစ်ချင်ပါတယ်

ရှေ့ဆက်လျှောက်ရမဲ့ ခရီးပင်ပန်းမယ်ဆိုရင်တောင်
ကိုကို့ လက်ကိုတွဲပြီး အနောက်ကလိုက်ခဲ့ပါရစေ
နှလုံးသားချင်း ချည်နှောင်ထားရင်
အရာရာကျော်ဖြတ်နိုင်မှာပါ

ပြောမပြတတ်အောင်ချစ်ပါတယ် ...

ဒီစကားတွေက ရင်ထဲကလာတာစစ်မှန်ရင်
ကိုကို တစ်ယောက် ငြိမ်းချမ်းပါစေ

#mp
Ps : Luv u KoKo Butterfly





နွံ Where stories live. Discover now