ညဘက် လထွက်ထွက်ခြင်း
အစောဆုံးတွေ့ ရတဲ့ ကြယ်လေးက
ဗီးနပ်စ် ဂြိုလ် တဲ့
ကြယ်တလုံးမဟုတ်ပေမဲ့လဲ
milky way မှာ
လကို ပထမဆုံး အဖော်ပြုပေးသူပေါ့ 

Angel တွေလို wings တွေပါရင်လဲ
အကောင်းသားနော်
ဆန္ဒရှိတိုင်း နင်ရှိတဲ့နေရာ
အပြေး လာလို့ရတယ်

ပုဇွန်ဇီရောင် ညနေခင်းတခုကလည်း
ငါ့ အလွမ်းတွေကို မဖြေဖျောက်ပေးနိုင်ပါဘူး
ညနက်လေ ပိုလွမ်းလေ

နင်နဲ့ မြန်မြန်နီးဖို့
လက်ချိုးရေရတဲ့ ရက်တွေလည်း
မနည်းတော့ပါဘူး

လေတိုက်လို့
ခရမ်းရောင် Tulip တွေ
ခပ်သော့သော့ ရယ်တဲ့ အခါ
နင့်ကို သတိရတယ် 💜

ဖျော်ထားတဲ့ ကော်ဖီတွေ
သောက်ဖို့မေ့ပြီး အေးစက်သွားတဲ့အခါ
နင့်ကိုသတိရတယ်

drama ကြည့်ရင်းလဲ
တိုက်ဆိုင်တာတွေမြင်ရင်
နင့်ကို သတိရတယ်

ညဘက် ငါမသိအောင်
ကြယ်တွေ ခိုးခိုးကြွေတိုင်းလဲ
နင့်ကို သတိရတယ် 💗

နင့်ကို သတိရလို့
နင့်အကြောင်း
ကဗျာတွေရေးရင်းလဲ
နင့်ကို သတိရတာပဲ

ဘဝဆိုတာ
ပန်းချီကားတစ်ချပ်လိုများ လှပနေခဲ့ရင်
ကိုယ့်ရဲ့ညတွေ
အမှောင်ထဲ ကုန်ဆုံးရမှာမဟုတ်ဘူး
ဒါပေမဲ့လဲ နင့်ကို သတိရတာပဲ

နီးရက်နဲ့ ဝေးနေခြင်းကလည်း
ဘုရားသခင်ရဲ့ အကွက်ကျကျ
အစီအစဉ်တွေထဲက တစ်ခုလား

နီးရဖို့ ဆုတောင်းတွေကိုလည်း
ကြယ်တွေကို မပြောပြဖြစ်တော့ပါဘူး
သူတို့လဲ နားငြီးနေရောပေါ့

မနက်ဖြန်တိုင်းကို
နင်နဲ့အတူ ဖြတ်သန်းချင်တာကလဲ
ငါ့ရဲ့ ထပ်တိုးလာတဲ့ ဆန္ဒတစ်ခုပဲ

ငါတို့ထပ်မဝေးတော့ပဲ
နီးကြရအောင်လား .... 🙈

အရင်ကလိုပဲ ချစ်ပါတယ်

#mp

နွံ Where stories live. Discover now