IV

63 6 1
                                    

သဝန်တိုခြင်းတွေကင်းမဲ့တဲ့နေရာလေး
လမ်းညွှန်ပေးလှည့်ပါ
နင်လိုက်မယ်ဆို အတူသွားမယ်လေ

ကလေးရယ်
ငါဆိုတဲ့ အနှီလူသားဟာ
နင်နဲ့မတွေ့ခင် နဲ့ နင်နဲ့တွေ့အပြီးမှာ
အသက်ဆက်ရှင်နေရတဲ့ ရည်ရွယ်ချက်လေးတခုပဲပြောင်းလဲသွားခဲ့တာပါ

မထားခဲ့ပါနဲ့ဆိုပြီး
ဆက်တိုက် ထားသွားဖို့လုပ်နေတာဘယ်သူလဲ

အာဒံ ဧဝ ရိုမီယို ဂျူးလိယက် ဆိုပြီး
ကမ္ဘာကျော် အချစ်ဇာတ်လမ်းတွေနဲ့ တိုင်တည်မနေချင်တော့ဘူး
ငါဆိုတဲ့ ဖြစ်တည်မှုကပဲ
နင့်ရဲ့ ပျော်ရွှင်ခြင်းတွေအတွက်
အကောင်းဆုံး ဆင်ခြေတခုဖြစ်ချင်တယ်

တခုတော့မှတ်ထားပေး
တိမ်တွေနဲ့ ဆော့ကစားနေရင်း
နင်လမ်းပျောက်သွားရင်
ငါ့နာမည် ရေရွတ်လိုက်ပါ

ဘယ်ဘယ်ရင်အုံက ဆစ်ခနဲနာလာတဲ့အခါ
ငါအပြေးလာခဲ့မယ်
နင်မသိပေမဲ့
နင် နဲ့ ငါ့ရဲ့ နာကျင်ခြင်းတွေ
တစ်ထပ်တည်းကျနေခဲ့တာကြာပြီရယ်

နေကောင်းအောင်နေပါ ကလေးရေ

အမှတ်မရှိဘူးငါ
နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp

နွံ Where stories live. Discover now