ဘယ်ဘုရားသခင်ဆီမှာ
သွားပြီးဆုတောင်းရမလဲ
ဘယ်လို ဂါထာတွေ ရွတ်ဖတ်ပေးရမလဲ
ကျမ ကလေးလေး နေမကောင်းဘူးတဲ့ရင်ဘတ်ထဲ ရထားအစင်း၁၀၀လောက်
ခုတ်မောင်းသွားသလိုပါပဲ
နေကောင်းအောင်နေပါ ကလေးရယ်တွေ့ချင်တိုင်း ပြေးတွေ့ခွင့်မရတဲ့ဘဝမှာတော့
ငါ့ အချစ်တွေနဲ့ နွေးထွေးလုံခြုံပါစေကွယ်ကြယ်လေးတွေ ကနေတဆင့်
ငါ့ အလွမ်းတွေထည့်ပေးလိုက်တယ်
နင့်ဆီ ရောက်ရဲ့လား ...
နင် လွမ်းနေတာလဲ ကြယ်လေးတွေပြန်ပြောပြတော့
ကြည်နူး ရပြန်တယ်နင် သိလား
ချစ်တယ်ဆိုတဲ့ အကြောင်းကို
သူများတွေလို ငါဖွဲ့နွဲ့မပြော တတ်ဘူး
ငါ ကဗျာတွေရေးတယ်
ကဗျာတွေကနေတဆင့်တော့
ငါ့ အချစ်တွေကို ပြောပြခဲ့တာပဲ
နင်မြင်နိုင်ပါစေမရင့်ကျက်မှု တချို့က
ငါတို့ကို နှောင့်ယှက်နေကြတယ် ဟန်နီလူတချို့ကတော့ လှောင်ခြင်လှောင်ကြပါစေ
ငါတို့အချစ်တွေအတွက်
ငါတို့ လိပ်ပြာလုံနေရင်ရပါပြီ ❤နင့်အနားမှာရှိဖို့ဆိုရင်
ခေါက်ထီးလေးတလက်ဆိုလဲဖြစ်တယ်
နေပူ မိုးရွာနေရင် ငါ့ကိုထုတ်ဆောင်းလေ
မလိုအပ်ရင် ချောင်တချောင်မှာပစ်ထားလို့ရသေးတယ်
လိုလာတဲ့တနေ့တော့
ငါ့ အချစ်တွေနဲ့ ထပ်အကာအကွယ်ပေးထားမယ်မတရားဘူး
နေကောင်းအောင်နေပါလို့
တဖွဖွမှာနေတတ်တဲ့ နင်ကရော
ဘာလို့ နေကောင်းအောင်မနေရတာလဲ
အပေးအယူဆိုတာရှိရတယ် ကလေးရဲ့ချစ်တယ် အရမ်း လို့ဘာလို့ပြောတာလဲလို့မေးတော့
သူများတွေနဲ့ မတူချင်လို့တဲ့
ငါ ထပ်ပြီး လွင့်မြောရပြန်ပြီပေါ့
ကိုယ်က စကားမတတ်ပါဘူးလို့
အမြဲ ဘူးခံငြင်းတတ်တဲ့ ကျမရဲ့သာလိကာလေးပါပဲကလေးလေးလို့ ခေါ်ရင်မကြိုက်တဲ့
ကျမရဲ့ လူကြီးလေးရေ
ကလေးလေး တစ်ယောက်လို
အမြဲတမ်း ဖွက်ထားချင်မိလို့
ချစ်စနိုးသုံးတဲ့နာမ်စားလေးဖြစ်ကြောင်း
ကြယ်လေးတွေ ကူပြောပေးပါဦးဗျာလေးနက်မှုဆိုတာ ဘာနဲ့တိုင်းတာရလဲ
ငါသေချာမသိသေးပါဘူး
ငါကတော့ နင့်ကို အမြဲချစ်နေချင်တာပဲသိတယ်
လိမ္မာရင် တသက်လုံးချစ်မယ်ဆိုလို့
လိမ္မာချင်ယောင်ဆောင်ရပြန်တယ်
ငါ လည်တယ်မဟုတ်လား
နင့်ကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး
နင်က ငါ့အပိုင်ပြောနေကြအတိုင်းပဲ
အရမ်းချစ်ပါတယ်#mp
