XIV

26 3 0
                                    

မတူညီချင်းတွေက ဝေးကွာစေတာလား
ငါမသိခဲ့ဘူး
ငါမသိချင်ယောင်ဆောင်ခဲ့တာနေမှာပါ
အကြည်လင်ဆုံးနေ့တစ်နေ့မှာ
တိမ်တွေကိုငါမေးခဲ့တယ်

ငါတို့ရဲ့ မတူညီချင်းတွေကနေ
ဝေးကွာခြင်း မဖြစ်စေဖို့
ကျိတ်ဆုတောင်းနေမိတယ်

သီချင်းတပုဒ်ဆုံးသွားတိုင်း
မျက်ရည်ကျတယ်
စာသားတွေက ငါ့ကိုလှောင်နေကြသလိုပဲ
ငါကပဲလိပ်ပြာမလုံဖြစ်နေတာလား

မသိတော့ပါဘူး
နင့်ဘေးမှာအမြဲရှိနေတဲ့
နင့်ရဲ့အရိပ်ကိုတောင် ငါအူတိုတယ်

အိမ်မက်ထဲကလိုဆို
သိပ်ကောင်းမှာပဲနော်
အဲ့လိုညည်းတော့ နင်ကပြုံးပြတယ်
နင့်အပြုံးက ငါ့ကမ္ဘာမှာအလှဆုံးပဲ

ကလေးရေ ...
ကျေးဇူးပြုပြီး ငါ့ကိုပဲပြုံးပြပါ

သူများတွေနင့်ကိုချစ်တယ်ဆိုတာ
ငါစိတ်ဆိုးနေသလောက်ပဲရှိတာပါ
ယုံပေးပါ လို့ မတောင်းဆိုတော့ပါဘူး
နင်သိလား ?
နင်ပျော်ရင် ငါ့ကမ္ဘာမှာပန်းတွေပွင့်တယ်

give & take လို့ပြောနေပေမဲ့
ငါကပဲ အမြဲပေးချင်နေမိတာပါ
တယောက်တည်း
ချမိလိုက်တဲ့ သက်ပြင်းတွေထဲ
နင်ငါ့အပေါ်မယုံကြည်မှုတွေပါသွားရင်ကောင်းမယ်နော်

နင့်အတွက်ဆိုပြီး
သီးသန့် ငါ့အချိန်တွေပေးထားတာပါ
လိုသလိုသုံးပါ
ဥပေက္ခာဆိုတာ ငါကျင့်သားရနေပါပြီ

လူတွေကပြောကြတယ်
အချစ်ကြီးရင်အမျက်ကြီးတယ်တဲ့
ဒါပေမဲ့ အရမ်းချစ်သွားရင် အဲ့ဒါတွေကဘာမှမဟုတ်တော့ပါဘူး
နဲနဲတော့ နာကျင်ရတာပေါ့ဟာ

ဒါပေမဲ့
ငါအမြဲတမ်း ချစ်ပါတယ် ...

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp



နွံ Where stories live. Discover now