XXI

16 3 0
                                    

ကလေးရေ ...

ငါ့ရင်ဘတ်တံခါးကို
မခေါက်ပဲဝင်လာပြီးမှတော့
မပြောပဲတော့ မထွက်သွားလိုက်ပါနဲ့နော်

ငါ့ကဗျာတွေက နင့်ကို ခွန်အားဖြစ်စေတယ်ဆို
ငါ တစ်သက်လုံး ရေးပေးပါ့မယ်
နင်ကတော့ နေကောင်းအောင်နေပေးပေါ့

နားလည်မှု ဆိုတဲ့ ကြိုးတွေချည်နှောင်နေတဲ့အချိန်
ရိုးသားပွင့်လင်းမှုတွေပါထပ်ဆောင်းဖြည့်ပေးပါ
အနားမှာရှိပေးပါလို့ တောင်းဆိုတဲ့အခါ
ငါ သိပ်ပျော်တာ ...
အခုမှ မဟုတ်ပါဘူး ဟာ
နောက် နင်အလိုရှိတဲ့အချိန်အတိုင်းအတာထိ
ငါ အမြဲ ရှိနေပေးမှာ

အနီးဆုံးမှာအတူရှိနေဖို့ထက်
နှလုံးသားတွေ နီးနေဖို့က ပိုအရေးကြီးပါတယ်ဟာ
ငါ့ကို သတိရတဲ့အခါ
ကြယ်တွေကိုငေးပေါ့
ငါ့အကြောင်းကိုစဉ်းစားရင်းပြုံးတဲ့အခါ
လိပ်ပြာလေးတွေငါ့ကိုပြန်ပြောပြလိမ့်မယ်

ဒီမှာတော့ လေတွေတိုက်နေတယ်
နင့်ဆီမှာရော ကြယ်တွေလှနေရဲ့လား
ကောင်းကင်ကြီးတခုထဲအောက်
နင်နဲ့ အတူတူရှိနေတာနဲ့တင်
ငါနွေးထွေး လုံခြုံပါတယ်

Telepathy ဆိုတာကို ငါတော့ယုံတယ်ကလေးရေ
နင့် စိတ်ထဲတခုခုဖြစ်နေရင်
ငါလဲ ခံစားမိတယ်
နင်နာကျင်ရင်လဲ ငါနာကျင်ရသလိုမျိုးပေါ့

စစ်မှန်တဲ့အရာတွေကို ငါတို့အတူရှာဖွေကြမယ်လေ
နင်ရှေ့က သွားပါ
နောက်ကနေထပ်ချပ်မခွါ ငါလိုက်ခဲ့မှာပေါ့
ငါ့လက်ကိုတော့ သေချာဆုပ်ကိုင်ပေးထားပါ
ဘေးပတ်ဝန်းကျင် စကားတွေကြောင့်တော့
ငါတို့ လက်တွဲ မဖြုတ်ကြေး

ထားမသွားပါနဲ့ လို့ နင်ပြောခဲ့တဲ့စကား
တစ်သက်လုံး မှတ်ထားတဲ့ ငါကို
အစွဲအလမ်းကြီးတယ်လို့ ပြောကြတယ် 
တခါတလေတော့လဲ ငါလောဘကြီးပါရစေ

နင်ယုံမလားတော့မသိပေမဲ့
မပြောဖြစ်လိုက်တဲ့ စကားတချို့ကို
ကဗျာ ထဲငါထည့်ရေးတယ်
တချိန်ကျရင် နင့်ရင်ခွင်ထဲဝင်ပြီး
ကဗျာတွေ ဖတ်ပြချင်သေးရဲ့
ဒီလို စိတ်ကူးယဉ်ခွင့်ရတာနဲ့တင်
ငါကျေနပ်ပါပြီ

အများကြီးမတောင်းဆိုချင်ပါဘူး
အမြဲ ကျန်းကျန်းမာမာ နဲ့ပျော်ပျော်ရွှင်ရွှင် နေပေး
ငါကတော့ ...
အရင်ကလိုပဲ ချစ်တယ်

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp



နွံ Where stories live. Discover now