XXVIII

9 2 0
                                    

ကလေးရေ ...
ငါ့ မျက်ရည်တစ်စက်ကျမှ
နင်အသက်ဆက်ရှင်နိုင်မယ်ဆိုရင်တောင်
ငါ့ မျက်ရည်နဲ့ လမ်းခင်းပေးမဲ့သူပါ
ရူးနေတယ်လို့ပြောလဲ ခံပါ့မယ်
အနည်းဆုံးတော့ ငါရူးသွပ်နေတာ နင်လေ

နင့်ဆီက ဥပေက္ခာဆိုတာ
ငါ့အတွက်တော့ အဆိပ်တစ်ခွက်လိုပါပဲ
မသေမရှင် ခံစားရတဲ့ နာတာရှည်ဝေဒနာတခုပဲ

ဟုတ်တယ် နင်ကအရမ်းဆိုးတာ
နင့် စိတ်တိုင်းကျဘဝထဲကိုဝင်လာတယ်
ငါ့ကို ချစ်တတ်လာအောင်လုပ်တယ်
တယောက်တည်းနေနေတဲ့ငါ့ကို
စွဲလမ်းတတ်အောင် သင်ပေးတယ်
တချိန်လုံးသူများအတွက်ပဲ စိုးရိမ်ပေးနေတဲ့ ငါ့ကို
စိတ်ပူပန်မှုတွေနဲ့ ချုပ်နှောင်တယ်
နင်ရဲ့ ဆိုးသွမ်းမှုတွေမရရင် ငါမနေတတ်တော့လောက်အောင် ပြုစားတယ်
ဒါတောင် တခုခုဆို ငါ့ဘေးကနေထွက်သွားဖို့ကြံသေးတယ် ...
အဲ့လိုဆိုးသွမ်းတဲ့ လူရဲ့ရင်ခွင်ထဲ
အကြိမ်ကြိမ် သေဆုံးချင်သေးတာ
ငါ့ ရဲ့ အဖြူရောင်လောဘတခုလား

ငါ ပင်ပန်းပေမဲ့ အဲ့ဒီအရာတွေအားလုံးမြတ်နိုးတယ်
သေသွားလို့ ကြယ်တစ်လုံးဖြစ်ခဲ့ရင်တောင်
နင် ဆုတောင်းပြည့်ဖို့ အကြိမ်ကြိမ် ကြွေပေးမယ်
ပန်းတစ်ပွင့် ဖြစ်ခဲ့ရင်တော့
နင့် အင်္ကျီ အိတ်ထောင်ထဲမှာသိမ်းထားပေးပါ
ဒါမှ နင့်ရင်ခုန်သံတွေကို အနီးကပ်ကြားရမှာ

ငါတော့ စိတ်စွမ်းအားဆိုတာကို
တကယ်ယုံကြည်တယ်
နင် ခက်ခဲ ပင်ပန်းနေချိန်
ငါ အပြေးရောက်မလာနိုင်ခဲ့ရင်တောင်
စိတ်ဝိဥာဉ် တခုတော့ အနားမှာရှိပေးနေမယ်

ငါက မှော်ဆရာ တစ်ယောက်ဆိုလည်းကောင်းသားနော်
ဘယ်သူမှ အန္တရာယ် ပြုလို့မရအောင်
နင့်ကို ပိစိလေးလုပ်ပြီး
ဦးထုပ်ထဲမှာ ယုန်လေးတွေနဲ့အတူတူဖွက်ထားမယ်

နင်လဲ ငါနဲ့ ထပ်တူပင်ပန်းနေရတယ်ဆိုရင်တော့ ...

နင်တစ်ယောက်ပဲ အများကြီးတွေးမိတာမဟုတ်ပါဘူး
ငါက အများကြီးမတွေးမိအောင် နေနေတာပါ
မမြင်နိုင်သေးတဲ့ အနာဂတ်နဲ့ လက်ရှိပစ္စုပ္ပန် ဆိုရင်
ငါကတော့ နင်ဘေးမှာရှိနေရမဲ့အရာကိုရွေးမိမှာပဲ
ငါတို့တွေ ဖြည်းဖြည်းခြင်း တွေးကြရအောင်လေ

နားလည်မှု နဲ့ အချစ် တွေကြားမှာ
တွေဝေခြင်း ဆိုတဲ့ကောင်က ကန့်လန့်ကန့်လန့်နဲ့
သောက်မြင်ကတ်စရာကောင်းအောင် စွက်ဖက်နေတယ်
ငါ သိပါတယ် ...
ငါပင်ပန်းနေလို့ ဒီလက်တွေကို နင်လွှတ်ဖို့ကြံနေတာ

အစကတည်းက အရောင်တွေကို
မပြောင်းလဲပစ်ခဲ့ရင် ဒီလောက်ပင်ပန်းပါ့မလားလို့
နင်ပြောတော့
ငါ ခပ်ကျယ်ကျယ်အော်ရယ်မိတယ်
အစကတည်းက ငါတို့အရောင်တွေမှန်ခဲ့ကြလို့လား

ကဗျာထဲက ကလေးလေးက
ကျွန်တော့်လိုပဲနေမကောင်းဘူးနော် လို့ပြောတုန်းကလေ
နင်တော်တော်တုံးတယ်လို့ ပြန်ပြောပစ်ချင်ခဲ့တာ
ဟုတ်တယ် တခါတလေ
နင်ရဲ့ ကလေးဆန်မှုတွေကလဲ
ငါ မြတ်နိုးပျော်ဝင်စေခြင်း ရဲ့ အစိတ်အပိုင်းတခုပဲ

အရူးလို ငါ့အတွက်ပဲကြည့်ပေးမနေပါနဲ့
ငါ မရှိရင် မဖြစ်ဘူးဆိုပြီး
လက်အစုံကို မလွှတ်ပေးလိုက်ပဲ 
တခါလောက် အတ္တကြီး ကြည့်စမ်းပါ

မုန်တိုင်းတွေပြီးရင် လေပြေဆိုတာလာစမြဲပဲလေ
မိုးတွေ သည်းကြီးမည်းကြီးရွာပြီးရင်တောင်
သိပ်လှတဲ့ သက်တန့်လေးတွေဖြစ်လာတာပဲ
ငါတို့   ...

ပျော်ရတော့မှာပါ ...

ပြောနေကြအတိုင်းပဲ အရမ်းချစ်တယ်

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp

နွံ Where stories live. Discover now