XXXIII

16 2 0
                                    

11:11 မှမဟုတ်ပါဘူး
အချိန်တိုင်းသတိရနေတာပါ ဟန်နီ

မိုးတွေချိန်းနေတယ်သိလား
မကြာခင် တိမ်တွေငိုချတော့မယ်ထင်တယ်
လောကကြီးကဒီလိုပါပဲ
တစ်စုံတစ်ဦး အေးချမ်းဖို့
တစ်စုံတစ်ဦး က ငိုကြွေးပေးရတယ်
အဲ့လိုဆိုရင်တောင်
ကိုယ်ကတော့ ငိုကြွေးသူပဲဖြစ်ချင်ပါတယ် မောင်ရေ

သစ်ရွက်လှုပ်တိုင်းတော့ မရယ်မိတော့ပေမဲ့
မောင့် စကားလုံးလှလှလေးတွေကို
ရင်မခုန်မိပါဘူးလို့တော့ ညာပြောမိတယ်
ခိုးပြီးချစ်ရတာလဲ တမျိုးပျော်စရာပါပဲ

ညဆိုတိမ်တွေကို မမြင်ရတာမဟုတ်ပါဘူး
ကြယ်တွေပိုလင်းလို့ရအောင်
တိမ်တွေက အရောင်မှိန်ပေးထားတာပါ
နင်မရှိမဲ့ ဘဝက လမရှိတဲ့ ညလိုပဲ
ငါ့ကမ္ဘာမှာ အမှောင်အတိ

ငါ့ရဲ့ အပျော်ဆုံးအလုပ်တွေက
ကဗျာရေးရတာရယ်
ကော်ဖီသောက်ရတာရယ်
ကြယ်တွေကိုထိုင်ငေးရတာရယ်နဲ့
မောင့်ကို လွမ်းရတာတွေပဲ

ရုပ်နဲ့နာမ် မတည်မြဲခြင်းတွေထဲ
နေကောင်းအောင်နေပြီး
အသက်ဆက်ရှင်နေရတာကလည်း
မောင် ဆိုတဲ့ နာမ်စားပိုင်ရှင်လေးကြောင့်ပါပဲ

နာကျင်ခြင်း အစိုင်အခဲတွေကို
ချေဖျက်နိုင်ဖို့ စကားတခွန်းရယ်
အနမ်းတစ်ပွင့်ရယ်ပဲလိုအပ်တာပါ ❤

မိုးသည်းတဲ့ ညတွေဆို
မောင့် ရင်ခွင် နွေးနွေးလေးကိုလွမ်းတယ်
ထိတွေ့ခွင့်မရ ဆုပ်ကိုင်ခွင့်မရပေမဲ့
တိမ်တွေအရမ်းလှတယ်ဆိုတာ သိသလိုမျိုးပေါ့
ချစ်တယ် ဆိုတဲ့ စကားတခွန်းနဲ့တင်
နွေးထွေး လုံခြုံစေပါတယ်ကွယ်

အရင်နှီးတစိမ်းတစ်ယောက်အဖြစ်
တည်ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်

ဘယ်လောက်ချစ်လဲမေးလာရင်
မဖြေတတ်ဘူး ဟန်နီရယ်
သူများတွေလိုလဲ အတိုင်းအဆမရှိလို့မဖြေချင်ဘူး
ကိုယ့်ရဲ့ ချစ်ခြင်းနဲ့
မောင် ငြိမ်းချမ်းနေသလောက်
မောင် ကြည်နူးပျော်ရွှင်နေသလောက်
ချစ်ပေးချင်ပါတယ်

လွင့်လာတဲ့ Dandelion ပန်းလေးလို
တောနက်ထဲက ပန်းရိုင်းလေးတွေလို
အပင်အိုအိုကြီးအောက်နားက clover leaf တွေလို
မောင့်ကို ပျော်ရွှင် ကံကောင်းခြင်းတွေ
ပေးချင်ပါသေးတယ်
နူးညံ့တဲ့ မောင့် စိတ်ဝိဥာဉ်တွေကို
အရိပ်မဲတွေအောက်ကနေလဲ
ဆွဲထုတ်ပေးချင်သေးတယ်

ကိုယ့်အချစ်တွေ ပူလောင်စေမဲ့တနေ့တော့
လောကကြီးထဲကပါ ပျောက်ကွယ်သွားပေးပါ့မယ်
အနည်းဆုံးတော့ လိပ်ပြာလေးတကောင်လို
မောင့်အနားနေပေးမှာပေါ့

အရင်ကလိုပဲ ချစ်ပါတယ် 💛

#mp




နွံ Where stories live. Discover now