XLIX

27 2 0
                                    

ကောင်းကင်ကို ဘယ်သူအပြာရောင်ဖြစ်အောင်ခြယ်ထားလဲ
ငါ စိတ်မဝင်စားဘူး

ငါ သိတာကတော့ ...
ငါ့နှလုံးသားကို အရောင်ခိုးခြယ်သွားတဲ့
ကောင်လေးတစ်ယောက်

ဟိုး ခပ်ဝေးဝေးက
တောင်တန်းတွေကို ဘယ်သူထုဆစ်ထားလဲ
ငါ မသိချင်ပါဘူး

ငါ သိတာ ...
ဘုရားသခင်က ငါ့ဘဝထဲ
စေလွှတ်ပေးလိုက်တဲ့
သက်ရှိ လိပ်ပြာလေးတစ်ကောင်ကိုပဲ

ဝေးဖို့အကြောင်းတွေမပြောခင်
ငါတို့ မနီးရသေးတာကို
သတိရပါ ...
နီးရဖို့ အကြောင်းတွေပြောရင်တော့
ငါ့ ရင်ခုန်သံတွေ မြန်နေမှာပေါ့

ဒီလိုပါပဲ ချစ်ရသူရယ် ...

တချို့ကျ ချစ်ချင်တိုင်းမချစ်ရလို့
ဝမ်းနည်းကြတယ်
တချို့ ကျ မချစ်သင့်တဲ့သူကို ချစ်ခဲ့လို့
နာကျင်ကြရတယ်
တချို့ကျ ချစ်ခွင့်ရှိရဲ့နဲ့
မချစ်ဟန်ဆောင်ကြတယ်
ငါတို့ကရော ?

ငါပြောဖူးတယ်လေ
တချို့ မေးခွန်းတွေအတွက်ကအဖြေမလိုပါဘူး

ဟိုးမှာ ပန်းကလေးတွေ တွေ့လား
နင့် အပြုံးနုနုအောက်
ငါ ကျရှုံးတိုင်း
သူတို့ ... ခပ်တိုးတိုး ကျီစယ်ကြတယ်

လက်သန်း နှစ်ခုချိတ်ပြီးတော့
ကတိမပေးနိုင်သေးပေမဲ့
ငါ့ ရဲ့ စစ်မှန်ခြင်းတွေနဲ့တော့
နှလုံးသားမှာ တံဆိပ်နှိပ်ပေးနိုင်ပါတယ် ...

ကိုယ်တိုင်တောင်မသိလိုက်ပဲ
နင့်အကြောင်းတွေးနေရင်း
နှုတ်ခမ်းထောင့်စွန်းက
အပေါ်ကိုကွေးညွှတ်သွားတာမျိုး ...

ယောကျာ်းဝတ် အင်္ကျီ ဆိုင်ရှေ့ရောက်တိုင်း
နင်နဲ့ လိုက်မဲ့ ပုံစံတွေ့ရင် ငေးကြည့်မိတာမျိုး ...
ဒါတွေကရော
စိတ္တဇနာမ်တစ်ခုရဲ့ အကျိုးဆက်တွေလား ❤

ငါ့မှာ နင့်ကိုပေးနိုင်တာ
အချစ်ရယ် သစ္စာတရားရယ် အပြင်မရှိဘူးလေ

ကြယ်တွေစုံတဲ့ညတွေမှာတော့
နင့်ကို ပိုလွမ်းတယ်
ငါ diary ရေးလေ့မရှိပါဘူး
ဒါပေမဲ့ ... နင့်နဲ့ပက်သတ်ပြီးနောက်ပိုင်း
နေ့တိုင်းရေးတဲ့ ကဗျာတွေမှာတော့
နင့်အကြောင်းတွေရေးဖြစ်တာပဲ
နှလုံးသားရဲ့ diary အပိုင်းအစတွေပေါ့

လေညှင်းလေးတွေ ခပ်သောသော
ဆော့ကစားနေတိုင်း
နင့်ကိုချစ်ကြောင်းအမြဲပြောဖြစ်တာပဲ
နင်ပြန်ကြားရဲ့လားဟင်

ငါ့ကဗျာလေးတွေဖတ်ပြီး
ငါ့အချစ်တွေမြင်ခဲ့ရင်ပဲ
ရေးရကျိုးနပ်ပါပြီလေ ...

အရင်ကလိုပဲ
အရမ်းချစ်တယ် ...

#mp

You've reached the end of published parts.

⏰ Last updated: Jun 02, 2018 ⏰

Add this story to your Library to get notified about new parts!

နွံ Where stories live. Discover now