နင်သိလား
ငါဒီနေ့ အရမ်းပျော်နေတယ်တောင်ထိပ်ပေါ်ကနေခုန်ခြလိုက်ရသလိုမျိုး
ငါလေပေါ်မှာပျံနေတယ်
ပန်းလေးတွေလဲ သိပ်လှတာပဲဟာ
ငါကိုပြုံးပြနေကြတယ်နည်းနည်းလောက်ဆုံးမပေးပါဟာ
လမ်းလျှောက်ရင်တောင်မြေကြီးနဲ့ မထိတော့သလိုပဲ
ဘဝင်မြင်သွားတာလားတော့ ငါလဲမသိတော့ပါဘူးသေချာတာတခုကတော့
အရင်နေ့တွေကထက် ရင်ခုန်သံတွေကို ပိုကြားနေရတယ်
ပတ်ဝန်းကျင်က တိတ်ဆိတ်နေလို့ ဖြစ်မှာပါလေငါက ကဗျာတွေရေးတာကိုချစ်တယ်
နင်က ငါ့ကဗျာလေးတွေကို ချစ်ပေးတယ်
ဟုတ်တော့ဟုတ်နေပါပြီဒီညလဲ ကြယ်တွေ အရမ်းလှနေတယ်
ပိုးစုန်းကြူးအစ ပုရစ်တွေရဲ့အော်သံအဆုံး
အကုန်လုံးက ကဗျာတွေကြီးပဲငါလဲ နင်နဲ့ ထပ်တူပါပဲ ကလေးရယ် ...
#mp