XXV

13 1 0
                                    

Venus ကပေးမဲ့ အတောင်ပံတစ်စုံထက်
နင့် နှလုံးသား တစ်စုံကို ငါပိုမက်မောတယ်
နင် သိလား ကလေးရေ ...
တိမ်တွေကင်းစင်တဲ့ ညတွေဆို
ကြယ်တွေကို ရှင်းရှင်းလင်းလင်းမြင်ရတယ်
အဲ့ဒီအချိန်ကြ နင့်ကို ပိုလွမ်းတယ်

ကဗျာ တစ်ပုဒ်ရေးဖို့
ရည်ရွယ်ချက်လိုမယ်ဆိုရင် အဲ့ဒါက နင်ပဲ
တသီးတသန့် တွေးတောစရာမလိုပဲ
သူ့အလိုလို ကဗျာတွေ ဖြစ်ပေါ်လာတာမျိုး

ထင်ရှုးပင်တွေအောက် အတူခိုလှုံချင်တယ်
မီးလင်းဖိုဘေးမှာ သီချင်းညည်းရင်း
အရမ်းလှတဲ့ ခရစ်စမတ်ညတွေမှာ
အတူတူ ဆုတောင်းချင်သေးတယ်
ဒါဟာ စိတ်ကူးယဉ်မှုတခုဆိုတာထက်
အနာဂတ်တခုကို ထုဆစ်ကြည့်တာမျိုးဆိုပိုမှန်မယ်

စိတ်ချပါ ...
နင့်ဘဝထဲကို ငါတလှမ်းခြင်းဝင်ရောက်လာခဲ့မယ်
နင်သောက်နေကျ Espresso တစ်ခွက်လို
ခါးသက်သက် အရသာမျိုးထက်
ပိုတဲ့ ချိုမြန်ခြင်းတွေ ဖန်တီးခွင့်ပြုပါ

ငါ့ ဘဝကို ယူပါ
ငါ့ အနာဂတ်ကိုဖန်တီးပါ
ငါ့ ခြေလှမ်းတွေကို တည့်မတ်ပေးပါ
ငါ က နင့်အပိုင်လေ

အပြုံး ... အဲ့ဒီအပြုံးက
နင့်ကိုစိတ်မချခြင်းများစွာထဲက တခုပဲ
လူတိုင်းက နင့်အပြုံးနဲ့ မတန်ပါဘူး ကလေးရေ

အမှောင်ထုထဲရောက်နေတဲ့ ငါ့အတွက်တော့
နင်က အလင်းရောင်တစ်ခုပဲ
ပိုးစုန်းကြူး တစ်ကောင်ဖြစ်စေ
လမင်းကြီးပဲ ဖြစ်စေ
ငါ့ ကိုလမ်းပြပေးလှည့်ပါ
နင့်နောက်ကို ရဲရဲလိုက်ခဲ့မယ်
ခလုတ်ကသင်းတွေကြောင့်လဲကျရင်
မငိုကြေးလေ ...

ငါယုံကြည်ထားတယ်
နင်က ကမ္ဘာဦးအစကတည်းက ပျောက်သွားတဲ့
ငါ့ရဲ့ နောက်ထပ်တစ်ခြမ်းပဲ 

ဘလိုပုံစံမျိုးနဲ့တွေ့ဆုံရမယ်ဆိုတာ
ကံကြမ္မာကသတ်မှတ်ပေးပြီးသားပဲ
ဒါပေမဲ့ စည်းတွေသိသိသာသာခြားနေတာကတော့
ငါ့ရဲ့ အတိတ်ကံတခုပဲထင်ပါတယ်
အဲ့ထဲကမှ နင့်ကို တွေ့ဆုံရခြင်းက
ငါ့အတွက်တော့ ဘုရားပေးတဲ့ ကံကောင်းခြင်းတခုပေါ့
ငါပျော်ပါတယ် ...

နောက်ထပ် ညတွေလဲ
ဆက် လွမ်းနေရဦးမယ်
အရင်ကလိုပဲ နင့်ကိုချစ်ပါတယ်

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ ...

#mp 


နွံ Where stories live. Discover now