XV

24 4 0
                                    

ကလေးရေ ...

နာကျင်ခြင်းတွေက
နင်နဲ့ငါ့ကြားက အမှတ်တရဆိုရင်
ငါကျေကျေနပ်နပ် သိမ်းထားပါ့မယ်

ငါ့ရဲ့ဝင်သက်ထွက်သက် တခုချင်းစီက
နင့်ပျော်ရွှင်ဖို့အတွက်ဆိုရင်
နင်ရီနေလေမလား 

အသက်မပါတဲ့ အပြုံးတွေနဲ့ ပြုံးပြတဲ့အခါ
ငါချောင်မှာပြေးပုန်းမယ်
တိမ်တွေကတော့ နင်နဲ့အတူရှိနေမှာပေါ့
စိတ်ချပါ သူတို့ငါ့အစားနင့်ကို စောင့်ရှောက်လိမ့်မယ်

ကို့ကိုချစ်လား လို့မေးတိုင်း
ရင်ဘတ်ထဲ ကမ္ဘာအကြိမ်ကြိမ်ပျက်တာ
နင်မသိဘူးမလား
နွေဦးရာသီမှာ ကြွေတဲ့သစ်ရွက်လေးလိုပဲ
ငါ အခါခါ လွင့်မြောမိတယ်

နင့်ဘေးမှာ လိပ်ပြာလေးတွေအများကြီးပဲဟာ
နင့်ကိုယုံပေမဲ့
သူတိုတွေက မာယာများတယ်ဟ
ဖြူစင်တဲ့ ကလေးလေးကို
ငါစိတ်မချဘူးရယ်

နင်ငြိမ်းချမ်းပါစေ လို့
တောင်းဆုပြုလိုက်တိုင်းမှာ
ငါ့ရဲ့ အချစ်တွေရောပါသွားပါတယ်
မြင်အောင်ကြည့်ပေးပါ ကလေးရေ

အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့
နင်မျက်နှာတချက်ပျက်တာနဲ့
ငါဆိုတာ အလိုက်တသိ ထွက်သွားပေးမဲ့သူပါ

ပြုံးပါ အလှဆုံးပြုံးပါ
နင်ပြောသလို မျက်ရည်က ငါ့လက်နက်ဆိုရင်
နင့်အပြုံးကလဲ နင့်ရဲ့ အကြီးမားဆုံး
စွမ်းအင် တခုပါ
နင်တခါပြုံးရင် ငါ အကြိမ်ကြိမ်သေတယ် ...

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp


နွံ Where stories live. Discover now