XXIII

23 2 0
                                    

နင်မှုတ်ထုတ်လိုက်တာနဲ့
အဝေးကိုလွင့်သွားရအောင်လဲ
ငါက dendelion ပန်းတစ်ပွင့်မဟုတ်ဘူးလေ
နင့်အနောက်တကောက်ကောက်ပါနေမှာက
နင့်အရိပ်ပြီးရင် ငါကဒုတိယပဲ

ပျော်ရွှင်နေတဲ့အချိန်ထက် ဝမ်းနည်းနေတဲ့အချိန်
အောင်မြင်နေတဲ့ချိန်ထက် ကျရှုံးနေတဲ့အချိန်
ဘေးမှာ အတူရှိပေးချင်တာ
ငါလောဘများကြီးသွားသလား

နမော်နမဲ့ နေတတ်တဲ့ငါ
စိတ်ပူတယ်လို့ နင်ပြောတိုင်း
အသေးစိတ်ကအစ ဂရုစိုက်တတ်လာတယ်
စိတ်ချပါဟာ နင့်စိတ်ပူမှုနဲ့တင်
ငါနွေးထွေးလုံခြုံပါတယ်

ဒီလူကိုမချစ်တော့ဘူးလို့အကြိမ်ကြိမ်
ဆုံးဖြတ်ချက်ချရလောက်တဲ့ထိ ချစ်တယ်ဆိုတဲ့စကားက
ငါ့အတွက်တော့သိပ်မမှန်ဘူးဟ
မချစ်တော့ဘူးလို့ဆုံးဖြတ်ချက်မချရဲတဲ့ထိ
နင့်ကိုချစ်တယ်

အရိပ်လိုချင်နေပူကစောင့်တဲ့
နင်နဲ့သာအတူဆိုရင် အပူဒဏ်လဲငါမမူ့ပါဘူး
တခုပဲ အတူတူစောင့်နေရင်း
ထီးပါတဲ့လူနောက်တော့ မလိုက်ကြေး

ငါ မယုံကြည်တာ နင့်ကိုမဟုတ်ဘူးချစ်သူ
မသေချာသေးတဲ့ ကံကြမ္မာကိုပါ

နာကျင်ခြင်းတွေကို ကဗျာအဖြစ်ပြောင်းရတာ
နေသားကျနေပါပြီ
နင်ပျော်မယ်ဆိုရင်
အဲ့နာကျင်ခြင်းတွေထဲ ပျော်ဝင်ဖို့အသင့်ပါ

တယောက်တည်းငိုရတဲ့နေရက်တွေ
နင်ရှိနေပေးရင် အဆင်ပြေသွားမှာပါ
တခါတလေ ထိန်းချုပ်ထားတဲ့အရာတွေကို
စကားလုံးတွေကနေ မျက်ရည်အဖြစ်
ပြောင်းလဲလိုက်တာ ငါ့အတွက်ပိုလွယ်တယ်

အပြင်မှာဟန်ဆောင်နေရပေမယ်
နင့်ရှေ့မှာတော့ ငါရိုးသားပွင့်လင်းပါရစေ
ငါပင်ပန်းနေရင် နင်ပြုံးပြပေါ့
နင့်အပြုံးက ငါ့ရှေ့ဆက်ဖို့ခွန်အားပဲ

ချစ်နေခွင့်လေးပေးလို့
ကျေးဇူးပါ ကလေးရေ ...

ငါရုန်းထွက်ဖို့ မဖြစ်နိုင်တော့ဘူး
နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ ...

#mp

နွံ Where stories live. Discover now