XLVII

8 1 0
                                    

စိတ်မချလို့လေ ...
နင့်ကို အိတ်ကပ်လေးထဲ
အမြဲ ထည့်သယ်သွားလို့ရရင်ကောင်းမှာပဲနော်

မျက်နှာ တစ်ချက်ညှိုးရင်
ကမ္ဘာပျက် မတတ်ပဲ
နင်သိလား

ကြယ်တွေ ကိုငေးလဲ
ဝမ်းနည်းတယ်

ဘယ်တုန်းကမှမချို ခဲ့တဲ့
အမေရီကာနို တွေလဲ ပိုခါးလာသလိုပဲ

ခိုးပြီးတော့ချလိုက်တဲ့ သက်ပြင်းတွေထဲ
အဆင်မပြေမှုတွေ ပါသွားရင် သိပ်ကောင်းမှာ

နင့် ရင်ခွင် နွေးနွေးမှာ
နာကျင်မှူ တွေထက်
ချစ်ခြင်းရဲ့ သင်္ကေတလေးတွေပဲ
တံဆပ်ကပ်ပေးချင်တာပါ

ကြိုးတစ်ချောင်းက
အတင်းဆွဲလွန်းရင်လဲ
ပြတ်ထွက်တတ်သလို
လျော့လွန်းရင်လဲ
လက်ကလွတ်ကျသွားတတ်တယ်တဲ့

ဘယ်လိုပဲဖြစ်နေပါစေ
ငါကတော့ လက်မှာချည်နှောင်ထားပြီးပြီ
ကြိုးရဲ့အလျော့အတင်းကတော့
နင့်နှလုံးသားစေရာပေါ့

အရမ်းချစ်ပြလို့ ချေတာလား
ကလေးရယ် ...

နင့်ရဲ့ ရယ်သံတွေက
ငါ့ရဲ့ အသက်ကယ်ဆေးတွေပါပဲ
အပြုံးတွေကိုတော့
တစ်သက်လုံး အပိုင်သိမ်းထားပစ်ချင်တာ

ငါချစ်သလိုပဲ
နင့်ကို ချစ်နေတဲ့သူတွေ
အများကြီးဆိုတာသိရတော့
ရင်ဘတ်က ဆစ်ခနဲ နာရတယ်

ဒါပေမဲ့ဟာ
သူတို့ချစ်တယ်ဆိုတာ
ငါ့ကို မှီတဲ့တစ်နေ့မှ
ငါ အဖတ်လုပ်မယ်

ကြယ်တွေလှနေပေမဲ့
မငေးနိုင်သေးဘူး
နှလုံးသားလေးတခု နွမ်းလျနေတယ်

အရမ်းချစ်နေရဲ့သားနဲ့
မသိချင်ယောင်ဆောင်တဲ့
ကောင်လေးနဲ့တော့ ခက်ပါတယ်

ငါကတော့
နင် ကဗျာတွေ မဖတ်နိုင်တော့ရင်တောင်
ကိုယ်တိုင် ဖတ်ပြပေးမယ်လေ

နင်ကကော ...
ငါ ကဗျာတွေမရေးနိုင်တော့တဲ့နေ့အထိ
ငါ့ကို ချစ်ပေးနိုင်မှာလား ?

ဟိုဘက်နည်းနည်းတိုးပေးပါလားဟာ
နင် နင်းထားတာ ငါ့ မာနတွေဟ
ဒါပေမဲ့လဲ ...
အရင်ကလိုပဲ ချစ်တယ်

နွံလိုပဲ နင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp

နွံ Where stories live. Discover now