XXXVI

25 1 0
                                    

ကလေးရေ ... ငါ အမြဲစိတ်ပူနေဖို့ပဲ
မွေးဖွားလာသလားကွယ်

23 1/2 ဒီဂီရီ တိမ်းစောင်းနေတဲ့
ကမ္ဘာကြီးရဲ့ဆွဲအားထက်
နင့် ဆွဲအားက ပိုများနေသလား

နင် နေမကောင်းရင်
ငါ့ ရင်ဘတ်လက်ဝဲဘက်အခြမ်းက
တဆစ်ဆစ်နဲ့

သတိရတယ်လို့ ပြောရင်
နင် ပြုံးနိုင်သေးလား
ငါ့ကောင်းကင်မှာတော့
ဒီနေ့ ကြယ်တွေသိပ်မလှဘူး
ငါ့ ကမ္ဘာလေးမှ နေမကောင်းတာ

အစကတည်းက
လွှတ်ချဖို့ရည်ရွယ်ချက်မရှိတဲ့
လက်အစုံကို ဆုပ်ကိုင်ထားမြဲ
ပေးခဲ့ဖူးတဲ့ သီချင်းတွေကို
repeat လုပ်နားထောင်နေဆဲ
မျက်ရည် အလိုလိုကျလာတာတော့
ငါလည်း မတတ်နိုင်ဘူးချစ်သူ

နင်ခေါင်းသိပ်မာသလိုပဲ
ငါ့ နှလုံးသားကလဲ
စကားနားမထောင်ဘူးဟာ

နှင်းဆီပွင့်ဖတ်တွေတဖတ်ခြင်းခြွေခြပြီး
နင်နဲ့ ပေါင်းဖက်ရမလား လို့
ကလေးဆန်ဆန် မရေတွက်မိပင်မဲ့
အခွင့်ကြုံတိုင်းတော့
သစ္စာတရား တွေစစ်မှန်လား
မဝံ့မရဲ ဆန်းစစ်ကြည့်ဖူးတယ်

ဗေဒင် ကိန်းဂဏန်းတွေကို
သိပ်အစွဲအလန်း မကြီးတတ်ပေမဲ့
နင့်အတွက်ပါ ရည်ရွယ်ပြီး
တကူးတက ပိုဖတ်ပေးဖြစ်တယ်

နင်သိလား ...
နင်ပြောမှာဘယ်လိုအကြောင်းအရာမျိုးဖြစ်နေပစေ
ငါ့နာမည် ရှေ့နှစ်လုံးပဲ ခေါ်တိုင်း
ငါ ရင်ခုန်တယ်

ဘယ်သူမှ မရှိတဲ့နေရာမှာ
*နင့်ကို အရမ်းချစ်တယ်* လို့
အကျယ်ကြီး အော်ပစ်ရင်
နင်ကြားနိုင်မှာလား

"လိပ်ပြာသို့တမ်းချင်း" ဆိုတဲ့
ကဗျာတစ်ပုဒ် ဖတ်ရတော့
ငါ ပြုံးမိတယ်

ဝင်သက်ထွက်သက် တခုချင်းဆီတိုင်းမှာ
နင့် နာမည်ရေရွတ်လို့
လိပ်ပြာလေး အတောင်ကျိုးလို့
ခဏနားနေတဲ့အချိန်
ငါ လုပ်ပေးနိုင်တာ ဆုတောင်းတာရယ် အများကြီးချစ်ပေးတာရယ်ကလွဲ
မရှိတာကလဲ ငါ့ရဲ့ ဝဋ်နာကံနာပဲ ထင်ပါရဲ့
အပြစ်သားတစ်ယောက်လို
ငါ့ကို ဒဏ်ခတ်ပါ
ကြည်ကြည်နူးနူး ခံယူဖို့အသင့်

အဲ့ထက်မက ချစ်ပါတယ်
ပြီးတော့
အရမ်း လွမ်းတယ် ...

နွံလိုပဲနင်က
ငါရုန်းထွက်လေ ဆက်နစ်လေ

#mp








နွံ Where stories live. Discover now