အတိတ်တွေကိုပြန်မတွေးချင်သလို
အနာဂတ်ကိုလဲ ကြိုမသိချင်ဘူး
လက်ရှိ ပစ္စုပန် မှာပဲ ပျော်ပျော်နေပြီး
နင်ပါခဲ့တဲ့ ငါ့အတိတ်တွေနဲ့
နင်ရှိနေသေးမဲ့ ငါ့အနာဂတ်ကို စိတ်ကူးယဉ်ရတာကြိုက်တယ်

ဒါပေမဲ့ ဝမ်းနည်းဖို့ကောင်းတာက
နင့် ရဲ့ အနာဂတ်အစီအစဉ်တွေထဲ
ငါ ပါပါ့မလား

နင့်ကိုငါချစ်တယ် ဆိုတာ
မေးခွန်းမှမဟုတ်တာ
ပြန်ဖြေပေးစရာမလိုပါဘူး
ဒီတိုင်းလေး တိမ်တွေကိုငေးကြည့်နေရသလိုပဲ

ညဘက်ရောက်တိုင်း
ငါလွမ်းဖို့ ကြယ်တွေက လမ်းခင်းပေးတယ်
တိမ်တွေကို မမြင်ရတော့ပေမဲ့
ငါနေသားကျနေပါပြီ အဆင်ပြေပါတယ်

နည်းနည်းလေး နာကျင်ပေမဲ့
ငါပြုံးထားနိုင်သေးတယ်
အဲ့လောက်ဆိုရပြီပေါ့

မနှိပ်စက်ပါနဲ့တော့ဟာ
ငါ့ကိုမချစ်ရင်တောင်
ကြယ်လေးတွေကိုတော့ အားနာပါ

နင်ကနင်ချစ်တဲ့သူအကြောင်းကိုပြော
ငါကတော့ ပြုံးပြုံးလေးနားထောင်ပေးမယ်
ငါပျော်ပါတယ်
ငါ့အချစ်တွေကိုတော့ စိတ်မပူပါနဲ့
နဂိုနေရာမှာ နဂိုတိုင်းတည်ရှိနေတုန်းပဲ

ပြောမပြတတ်လောက်အောင် ချစ်ပါတယ်

အမှတ်မရှိတဲ့ငါ
နွံလိုပဲ နင်က
ငါရုန်းထွက်လေ ဆက်နစ်လေ ...

#mp

နွံ Where stories live. Discover now